Powered by Blogger.

ကမ္ဘာတစ်လွှား ထူးခြားတဲ့ ချစ်သူများနေ့ ဓလေ့ထုံးစံများ



ဂျပန်နိုင်ငံမှာတော့ အမျိုးသမီးတွေဟာ ဗယ်လင်တိုင်းနေ့မှာ ချစ်သူအမျိုးသားတွေအပေါ် မိမိအချစ်ကိုပြသဖို့ ရှက်ရွံ့နေတတ်ကြပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ အဲလိုမဟုတ်ကြတော့ပါဘူး။ ကိုယ့်ရဲ့အချစ်ကိုပြသဖို့အတွက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ချောကလက်လက်ဆောင်ပေးတဲ့ အလေ့အထဟာ ၁၉၃၆ ခုနှစ်မှာ စတင်ပေါ်ပေါက်လာခဲ့ပြီး လက်ဆောင်ပေးတဲ့ ချောကလက်အမျိုးအစား ၂ မျိုး ရှိပါသတဲ့။ “ Giri-Choko” နဲ့ “ Honmei-Choko” တို့ဖြစ်ပါတယ်။

 Giri-Choko ကတော့ ၅၂၈ အချစ်မျိုးနဲ့ အမျိုးသား မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အစ်ကို၊ မောင်နဲ့ ဖခင်စသူတို့ကို ပေးလေ့ရှိတဲ့ ချောကလက်အမျိုးအစားဖြစ်ပြီး Honmei-Choko ကတော့ ၁၅၀၀ အချစ်မေတ္တာမျိုးနဲ့ ချစ်သူရည်စား၊ ခင်ပွန်းဖြစ်သူကို ပေးလေ့ရှိတဲ့ ချောကလက်အမျိုးအစားပါတဲ့။

တောင်ကိုရီးယားနေ့မှာတော့ ဂျပန်ဓလေ့ကို ကိုးကားအတုယူပြီး ဖေဖော်ဝါရီ ၁၄ မှာ အမျိုးသမီးတွေဟာ ချစ်သူအမျိုးသားကို ချောကလက်လက်ဆောင် ပေးလေ့ရှိကြပါတယ်။ ဒီလိုပဲ အပြန်အလှန်အနေနဲ့ အမျိုးသားတွေဟာလည်း မတ်လ ၁၄ ရက်နေ့ “ White Day “ မှာတော့ ချစ်သူမိန်းကလေးကို လက်ဝတ်ရတနာ၊ အ၀တ်အထည် စတာတွေကို ပြန်လည်လက်ဆောင်ပေးလေ့ရှိကြပါသတဲ့။

ထိုင်ဝမ်မှာတော့ ကိုရီးယား၊ ဂျပန်တို့နဲ့ ပြောင်းပြန် အမျိုးသားတွေက ဖေဖော်ဝါရီ ၁၄ မှာ အမျိုးသမီးတွေကို ချောကလက်နဲ့တခြားလက်ဆောင်တွေ ပေးလေ့ရှိကြပြီး မတ်လ ၁၄ရက်နေ့ “ White Day” မှာတော့ အမျိုးသမီးတွေက ပြန်လည်လက်ဆောင်ပေးကြပါသတဲ့။

အင်္ဂလန်မှာတော့ ဗယ်လင်တိုင်းနေ့မှာ တစ်ကိုယ်တည်း အပျိုကြီးတွေက သူတို့ရဲ့ခေါင်းအုံးတွေမှာ သစ်ရွက် ၅ရွက်ကို အပ်နဲ့တွယ်ချိတ်ပြီး ခေါင်းအုံးအိပ်လေ့ရှိကြပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလိုခေါင်းအုံးအိပ်တဲ့အခါ အိပ်မက်ထဲမှာ သူတို့ရဲ့ အနာဂတ်ခင်ပွန်းလောင်းကို အိပ်မက်မြင်မက်လေ့ရှိတယ်လို့ ယုံကြည်ကြတဲ့အတွက် ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံရဲ့ ဓလေ့ကတော့ နည်းနည်းထူးခြားပါတယ်။ သူတို့အခေါ်အရ “ ချစ်ခြင်းကိုရှာဖွေခြင်း “ လို့ အဓိပ္ပါယ်ရတဲ့ လှုပ်ရှားမှုပဲဖြစ်ပါတယ်။ ဒီအစီစဉ်မှာ အပျို၊ လူပျိုတွေဟာအသက်အရွယ်မရွေး တစ်အိမ်ဝင်တစ်အိမ်ထွက် ကိုယ့်ချစ်သူကို စိတ်ကြိုက်ရှာဖွေကြတာပဲဖြစ်ပါတယ်။ နှစ်သက်သူကိုတွေ့ပြီဆိုရင် ကိုယ့်အိမ်ကို အလည်လာဖို့ ဖိတ်ခေါ်လေ့ရှိပြီး အကြိုက်မတွေ့သေးရင်တော့ စိတ်ကြိုက်တွေ့သည်အထိ အိမ်လည်ကြတာဖြစ်ပါသတဲ့။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment