Powered by Blogger.

သစ်ပင်ပေါ်မှာနေတတ်တဲ့ သားပိုက်ကောင်က အိမ်သာသုံးစက္ကူ အမှိုက်ပုံးထဲမှာ လာရောက်ပုန်းခိုနေ



ပန်းခြံဝန်ထမ်းတွေက အိမ်သာသုံးစက္ကူ အမှိုက်ပုံးထဲမှာ ပုန်းခိုနေထိုင်နေတဲ့ သစ်ပင်တွေမှာသာနေတတ်တဲ့ သားပိုက်ကောင်လေးတစ်ကောင်ကို တွေ့ရှိခဲ့ကြပါတယ်။

Yarra Bend တွင် အိမ်သာသုံးစက္ကူတွေကို ဆွဲဖြဲကာ စက္ကူထည့်တဲ့ဘူးကို အိမ်လုပ်ကာနေတဲ့ သားပိုက်ကောင်လေးရဲ့ ဓါတ်ပုံကို Parks Victoria က ပြသခဲ့ပါတယ်။

အိမ်သာတွေကို သန့်ရှင်းရေးလုပ်နေတဲ့ ၀န်ထမ်းတစ်ယောက်က သားပိုက်ကောင်လေးကို တွေ့ရှိခဲ့ပြီး Cameron လို့ခေါ်တဲ့ပန်းခြံတာဝန်ရှိသူကို သားပိုက်ကောင်လေးရှိနေတာကို သတင်းပို့ခဲ့ပါတယ်။

သားပိုက်ကောင်လေးကို ဖယ်ရှားပြီးနောက်မှာ သူတို့တွေက သားပိုက်ကောင်လေးအတွက် သစ်ပင်ပေါ်မှာ အိမ်တစ်အိမ်ဆောက်ပေးခဲ့ကြပါတယ်။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment