Powered by Blogger.

လမ်းကျဉ်းလွန်းတာကို ဇွတ်မောင်းနှင်တာကြောင့် ကားနှစ်စီးညှပ်သွားခဲ့



ဗြိတိန်က တောလမ်းလေးတစ်ခုမှာတော့ ကားမောင်းတဲ့သူနှစ်ယောက်လုံးက အလျှော့မပေးဘဲ မျက်နှာချင်းဆိုင် အနေအထားနဲ့ မဆင်မခြင် မောင်းနှင်ခဲ့တာကြောင့် လမ်းကျဉ်းနေတဲ့အနေအထားမှာ ကားနှစ်စီလုံးက ပိတ်မိသွားခဲ့ပြီး ဆင်းဒ်ဝစ်ခ်ျပေါင်မုန့်လို အနေအထားဖြစ်သွားခဲ့ရပါတယ်။

ဒီလို ကားနှစ်စီးလုံးက လမ်းဘောင်နဲ့ မလွတ်ဘဲပိတ်မိသွားခဲ့တာကြောင့် ကားပေါ်မှာ ပါလာသူတစ်ယောက်ကတော့ တံခါးဖွင့်ပြီး ထွက်မရဖြစ်နေခဲ့ပါသေးတယ်။ ဒီကိစ္စကို သိရှိသွားပြီး မကြာခင်မှာတော့ ဒေသခံရဲတွေနဲ့ မီးသတ်သမားတွေ ရောက်ရှိလာခဲ့ပြီး ကားနှစ်စီးလုံးကို အဆင်ပြေအောင် ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။

ကရက်ဟိုးလ်ဒေသမှာဖြစ်ပွားခဲ့တဲ့ အခုလို ကားနှစ်စီးရဲ့ မတော်တဆဖြစ်စဉ်ကြောင့် လမ်းကတော့ နှစ်နာရီလောက် ပိတ်သွားခဲ့ပြီး ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပေးခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a comment