Powered by Blogger.

ရန်သူရေငုပ်သဘောင်္တွေကို လိုက်ရှာမယ့် အမေရိကန်ရေတပ်ရဲ့ လူမဲ့စက်ရုပ်သဘောင်္


အမေရိကန်ရေတပ်မတော်ဟာ ရန်သူရေငုပ်သဘောင်္တွေကို ခြေရာခံလိုက်ရှာဖို့အတွက် ‘Ghost boats’ လို့ အမည်ပေးထားတဲ့ စက်ရုပ်သဘောင်္တပ်စုကို မကြာမီ ရေချသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒီစက်ရုပ်သဘောင်္တွေဟာ အမေရိကန်ရေပိုင်နက်ထဲ တိတ်တဆိတ်ဝင်ရောက်လာတဲ့ ဒီဇယ်အင်ဂျင်သုံး ရန်သူရေငုပ်သဘောင်္တွေရဲ့ ကြီးမားလာတဲ့အန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက်ဖြစ်ပါတယ်။

“ ဆက်တိုက်ခြေရာခံထောက်လှမ်းနိုင်သော လူမဲ့ရေငုပ်သဘောင်္ဖျက်တိုက်ပွဲဝင်ရေယာဉ်” လို့ တရားဝင် အမည်ပေးထားတဲ့ ၁၃၂ ပေရှည်၊ ပထမဦးဆုံး စက်ရုပ်သဘောင်္ကို ဧပြီလ ၇ ရက်နေ့မှာ စတင်ရေချမှာဖြစ်ကြောင်းလည်း အမေရိကန်ရေတပ်အာဏာပိုင်တွေက ဖွင့်ဟပြောဆိုထားပါတယ်။

ယခုစက်ရုပ်သဘောင်္တွေဟာ လူလိုက်ပါခြင်းမရှိဘဲ ပင်လယ်ပြင်ထဲမှာ သုံးလလောက် အဆက်မပြတ်မောင်းနှင် နိုင်စွမ်းရှိပါတယ်။ ရေအောက်တစ်ကီလိုမီတာအကွာက ရန်သူရေငုပ်သဘောင်္တွေကို ခြေရာခံရှာဖွေနိုင်ပြီး၊ ဌာနချုပ်ကို သတင်းပြန်ပို့ပေးနိုင်မှာဖြစ်ပါတယ်။

ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သဘောင်္တွေဟာ အသံဆူညံမှုလုံးဝနီးပါးမရှိတဲ့အင်ဂျင်တွေပါရှိပြီး၊ အဝေးကနေ ခြေရာခံသိရှိနိုင်ဖို့အတွက် အလွန်ခက်ခဲပါတယ်။  တန်ဖိုးအားဖြင့်လည်း ဒီဇယ်-လျှပ်စစ်ရေငုပ်သဘောင်္တစ်စီးကို ကန်ဒေါ်လာ သန်း၂၀၀ ကနေ သန်း ၃၀၀ ကြားသာ ကျသင့်ပြီး၊ နိုင်ငံတိုင်းနီးပါး ၀ယ်ယူနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ ရုရှားနိုင်ငံက ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ ရေငုပ်သဘောင်္တွေဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံကတောင် ခြောက်စီးမှာယူထားတယ်လို့ သိရပါတယ်။

အမေရိကန်ကမ်းရိုးတန်းကို တိတ်တဆိတ်ဝင်ရောက်လာနိုင်တဲ့ ဒီရေငုပ်သဘောင်္တွေရဲ့အန္တရာယ်ကို ကာကွယ်ဖို့အတွက် ယခုစက်ရုပ်ရေငုပ်သဘောင်္ပရောဂျက်ကို အမေရိကန်အဆင့်မြင့်ကာကွယ်ရေးသုတေသန ပရောဂျက်အေဂျင်စီကနေ ၂၀၁၀ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ စမ်းသပ်မှုတွေ အထပ်ထပ်ပြုလုပ်ပြီးနောက်မှာ စတင်ရေချတော့မှာဖြစ်ပါတယ်။



( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: DailyMail


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment