Powered by Blogger.

မျက်လုံးအားနည်းတာကြောင့် မျက်မှန်အမြဲတမ်း တပ်ထားရတဲ့ ကြောင်ကလေး




မျက်ခွံမပါဘဲနဲ့ မွေးဖွားလာတဲ့ ကြောင်မလေးတစ်ကောင်ဟာဆိုရင်တော့ အင်တာနက်ပေါ်မှာ လူပြောများလာခဲ့ပြီး သူမရဲ့ ကျန်းမာရေးအခြေအနေအရ နေကာမျက်မှန်တစ်လက်ကို အမြဲလိုလို တပ်ထားရတယ်လို့ သိရပါတယ်။ အသက် ၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကြောင်မလေးဟာဆိုရင်တော့ မျက်ရည်ခမ်းခြောက်တဲ့ ရောဂါလည်း ဖြစ်ပွားနေတာကြောင့် တစ်နေ့ကို အကြိမ်ပေါင်းများစွာ မျက်စဉ်းခတ်ရတယ်လို့လည်း သိရပါတယ်။

ဒီကြောင်မလေးရဲ့ နာမည်ကတော့ Bagel လို့ အမည်ရပြီးတော့ သခင်ဖြစ်သူ Karen McGill ရဲ့ ဂရုစိုက်စောင့်ရှောက်ပြီး Instagram ပေါ်ကို ပုံတွေ မှန်မှန်တင်ပေးခဲ့တာကြောင့် အခုလို အင်တာနက်မှာ လူသိများလာတာဖြစ်ပါတယ်။ Bagel ဟာ သူမရဲ့ ကိုယ်အပူချိန်ကိုလည်း ထိန်းညှိနိုင်တာမျိုးမရှိတာကြောင့် တစ်ခါတစ်လေမှာ အဝတ်အထည်တွေလည်း ဝတ်ပေးထားရပါတယ်။


သခင်ဖြစ်သူကတော့ အခုလို မျက်စိမကောင်းတဲ့အပြင်တစ်ခြားရောဂါတွေပါ ဖြစ်ပွားနေတဲ့ ကြောင်လေးကို စွန့်ပစ်ဖို့ မစီစဉ်ခဲ့ဘဲနဲ့ သူမရဲ့ အားနည်းနေတဲ့ မျက်လုံးအတွက် ကုသမှုတွေပြုလုပ်ပေးပြီး ပြင်ပက ရောဂါပိုးတွေနဲ့ အညစ်အကြေးတွေ မဝင်ရောက်နိုင်အောင်လို့ မျက်မှန်တစ်လက်ကိုလည်း ဖန်တီးပြုလုပ်ပေးခဲ့ပါတယ်။

အခုလို ဂရုစိုက်ပေးမှုတွေက ကြောင်ကလေးရဲ့ မျက်ကြည်လွှာကို မထိခိုက်စေခဲ့ဘဲ မျက်လုံးကို အကောင်းပကတိအနေအထားနဲ့ ရှိနေစေတာဖြစ်ပါတယ်။ Bagel ဟာ ရေချိုးချိန်မှာတော့ မျက်မှန်ချွတ်ထားလေ့ရှိပြီး အပြင်ထွက်တဲ့ အချိန်မှာတော့ ရတနာတွေ စီခြယ်ထားတဲ့ ကိုင်းတွေနဲ့ မျက်မှန်ကို လှပအောင် တပ်လေ့ရှိပါတယ်။


Bagel ရဲ့ ပိုင်ရှင်ဖြစ်သူ Karen ကတော့“Bagel ဟာ ချစ်စရာကောင်းတယ် ၊ သိမ်မွေ့တယ် ၊ အေးဆေးတယ်။ သင်တွေ့ဖူးသမျှထဲမှာတော့ ချစ်စရာအကောင်းဆုံး ကြောင်ကလေးတစ်ကောင် ဖြစ်နေပါလိမ့်မယ်။ လူတွေက သူ့ကို ကိုင်ကြည့်ချင်တယ် ၊ ပွေ့ချီချင်ကြတယ်လေ။ သူ့လို မျက်မှန်တပ်ထားတဲ့ ကြောင်လေးကို တော်ရုံနဲ့ မမြင်ဖူးကြတော့ သူတို့ကမေးကြတယ်။ ကျွန်မကတော့ သူ့မှာ မျက်လုံးပြဿနာရှိနေလို့ လို့ ပြောပြပါတယ်။ လူတွေကတော့ သူ့လို အေးဆေးတဲ့ကြောင်လေးကို အံ့သြနေကြပါတယ်။ ”

ကြောင်မလေးရဲ့ သခင်ဖြစ်တဲ့ Karen ကတော့ Bagel လေးကို တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေးစင်တာကနေ လသားအရွယ်မှာပဲ ခေါ်ယူမွေးစားခဲ့တာပါ။ Karen နဲ့ နည်းတူစွာပဲ ကြောင်တွေကို ချစ်တတ်တဲ့သခင်တွေကိုလည်း အဲ့ဒီစင်တာက လိုအပ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment