Powered by Blogger.

ဖုန်းတွေကို အားသွင်းရင်း ခေါင်းအုံးအောက်မှာ မထားဖို့ နယူးယောက်ရဲတပ်ဖွဲ့ သတိပေး


နယူးယောက်ရဲတပ်ဖွဲ့ကတော့  သူတို့ရဲ့ တွစ်တာစာမျက်နှာမှာ ဓါတ်ပုံတစ်ပုံ တင်ထားပြီး အထူးသဖြင့် အားသွင်းလက်စ ဖုန်းတွေကို ခေါင်းအုံးအောင်မှာထားပြီး မအိပ်သင့်ဘူးလို့ ဖော်ပြထားခဲ့ပါတယ်။

တွစ်တာမှာ ဖော်ပြထားတဲ့ ဓါတ်ပုံမှာတော့ လုံးဝပျက်စီးနေတဲ့ Samsung ဖုန်းတစ်လုံးနဲ့ မီးလောင်ပေါက်ပြဲရာတွေနဲ့ ခေါင်းအုံး၊ အိပ်ယာပုံကို ဖော်ပြထားတာဖြစ်ပါတယ်။

ခေါင်းအုံးအောက်မှာ ထားပြီး အားသွင်းကြိုးတပ်ထားတဲ့အတွက် ဖုန်းဟာ အပူလွန်ကဲပြီး မီးလောင်ခဲ့တာဖြစ်တယ်လို့ ပုံမှာ ရေးသားထားတာပါတယ်။




ဒီမတော်တဆမှုဟာ Manhattan မှာရှိတဲ့ Washington Heights neighborhood မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ရှိမရှိတော့ ဖော်ပြထားခြင်းမရှိပါဘူး။

 “ ကိုယ့်ရဲ့ဖုန်းကို အိပ်တဲ့အချိန် ဒါမှမဟုတ် အားသွင်းနေတဲ့အချိန်တွေမှာ ခေါင်းအုံးအောက်မှာ မထားမိပါစေနဲ့ “  လို့လည်း ရေးသားထားပါသေးတယ်။

ဒါ့အပြင်အိပ်ချိန်မှာ ဖုန်းကို ပါဝါမပိတ်ဘဲ ကိုယ့်အနားမှာ ထားအိပ်တဲ့အကျင့်ကလည်း မကောင်းဘဲနဲ့ ဖုန်းကထွက်တဲ့ လျှပ်စစ်သံလိုက်လိုင်းတွေဟာ ဦးနှောက်ကို ထိခိုက်စေနိုင်လို့ ဖြစ်တယ်လို့လည်း သိရပါတယ်။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment