Powered by Blogger.

ကားနောက်ခန်းမှာ ရောက်ရှိနေတဲ့ ကျားဖြူနှစ်ကောင်



ချက်နိုင်ငံက လမ်းမပေါ်မှာတော့ ကားနောက်ခန်းတစ်ခုမှာ ကျားဖြူနှစ်ကောင် လိုက်ပါသွားတာကို လမ်းသွားလမ်းလာတွေက တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ Jenda Stedronsky လို့အမည်ရတဲ့ ချက်အမျိုးသားတစ်ယောက်ကတော့ ကားထဲက ကျားဖြူနှစ်ကောင်ကို တွေ့လိုက်ရချိန်မှာပဲ ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပြီး ကားနောက်ကို လိုက်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့်လည်း မအောင်မြင်ခဲ့ဘဲနဲ့ ဓာတ်ပုံပဲရိုက်ကူးနိုင်ခဲ့တာကြောင့် သူ့ရဲ့ Facebook စာမျက်နှာမှာ “ကျွန်တော်ပဲ အလုပ်လုပ်တာများသွားလို့ မျက်စိကြောင်သွားတာလား။ ဆေးချတာများ များသွားလို့လား??? BMW ကားက ကျွန်တော့်ရဲ့ အရှေ့ ဖြတ်သွားတဲ့အချိန်မှာ ကားနောက်ခန်းထဲမှာ ကျားဖြူနှစ်ကောင်ကို တွေ့လိုက်ရတယ်လေ ” လို့ ပုံနဲ့တကွတင်ထားခဲ့တာပါ။




ဒီသတင်းကိုတော့ လူတွေက မယုံကြည်ကြဘဲနဲ့ ကျားရုပ်တွေဖြစ်နိုင်တယ်လို့ ပြောဆိုနေခဲ့ကြပြီး မျိုးသုဉ်းပျောက်ကွယ်လုနီးနီးဖြစ်နေတဲ့ ကျားဖြူမျိုးစိတ်ကို BMW ကားနောက်ဖုံးမှာလည်း လူအတော်များများက မြင်တွေ့ခဲ့ကြပြီး ကျားအစစ်တွေဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

 ဒါ့ကြောင့် တိရစ္ဆာန်မှောင်ခိုအဖွဲ့တွေကများ ကုန်ကူးသွားတယ်လို့ သံသယရှိတာကြောင့် ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment