Powered by Blogger.

ဆိတ်အူကနေ ပြုလုပ်ထားတဲ့ နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိ ကွန်ဒုံးကို လေလံ တင်ရောင်းချ



လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ခန့်က ပြုလုပ်ခဲ့တဲ့ ကွန်ဒုံးတစ်ခုကို စတာလင်ပေါင် ၄၆၀ နဲ့ လေလံ တင် ရောင်းချခဲ့ပြီး ထိုကွန်ဒုံးကို ဘာနဲ့ ပြုလုပ်ထားလဲဆိုတာ သိရတဲ့ နောက်မှာ လူတစ်ချို့ မျက်ခုံးလှုပ်ခဲ့ရပါတယ်။

Prophylactic လို့ခေါ်တဲ့ ထိုကွန်ဒုံးကို ၁၈ (သို့) ၁၉ ရာစုခန့်က ဆိတ်အူ နဲ့ ပြုလုပ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ထို သက်တမ်းရင့် ကွန်ဒုံးမျိုးကို ရှာဖွေမယ်ဆိုရင်တော့ ပြတိုက်တွေမှာသာ အနည်းငယ်ရှိနေနိုင်ပါသေးတယ်။

အမှန်ကတော့ ဆိတ်အူနဲ့ ပြုလုပ်ထားလို့ ဒီကွန်ဒုံးဟာ သိပ်တော့မထူးဆန်းပါဘူး။ လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်တုန်းက အသုံးပြုခဲ့တဲ့ ကွန်ဒုံးတွေတိုင်းဟာ သိုး ၊ ၀က် ၊ နွား နဲ့ ဆိတ် တွေ ရဲ့ အူတွေကို အခြေခံပြီး ထုတ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။


အဲဒီအချိန်တုန်းကလည်း ကွန်ဒုံးတွေဟာ ဈေးအရမ်းကြီးပြီး ကွန်ဒုံးတစ်ခု ဖြစ်လာဖို့ အချိန် များစွာ လိုအပ်တဲ့ အတွက် ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေပဲ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရာဘာနဲ့ ပြုလုပ်တဲ့ ကွန်ဒုံးတွေကတော့ ၁၉ ရာစု အနှောင်းပိုင်းမှာမှ ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး ဆိတ် အူက ပြုလုပ်တဲ့ ကွန်ဒုံးတွေကို အသုံးပြုခြင်း ရပ်နားခဲ့ကြပါတယ်။

ထို လေလံတင်ရောင်းချခဲ့တဲ့ ကွန်ဒုံးဟာ ၁၉ စင်တီမီတာ ရှည်လျားပြီး ပြင်သစ်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ယနေ့ခေတ် မှာ အသုံးပြုနေတဲ့ ရာဘာကွန်ဒုံးတွေရဲ့ ပျမ်းမျှ အရှည်ကတော့ ၁၈ စင်တီမီတာ ရှိပါတယ်။

ထိုရှေးဟောင်း ကွန်ဒုံး လေလံတင်ရောင်းချပွဲမှာတော့ ပြတိုက်များစွာ ရဲ့  စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ဈေးအများဆုံး ပေးဝယ်ယူသွားသူကတော့ ဟော်လန် နိုင်ငံ ၊ အန်စတာဒမ်မြို့ က အမည်မဖော်လိုသူ တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment