Powered by Blogger.

ဘဏ်ဝန်ထမ်းတွေ ၀င်ခွင့်မရှိတဲ့ ပဲရစ်က စားသောက်ဆိုင်



ပြင်သစ်နိုင်ငံမှာ ရှိတဲ့ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးဟာ သူ့ဆိုင်အတွင်းကို ဘဏ်ဝန်ထမ်းတွေ အား ၀င်ခွင့်မပြုပဲ တားမြစ်ခဲ့ပါတယ်။ သူအခုလိုတားမြစ်ခဲ့ရ တဲ့ အကြောင်းအရင်း ကတော့ သူ ဘဏ်မှာ တောင်းခံထားတဲ့ ချေးငွေ စတာလင်ပေါင် ၅ သောင်းခွဲကို လက်မခံပဲ ပယ်ချခဲ့တဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် Alexandre Callet ဆိုသူ ရဲ့  ပြောကြားချက်အရ သူဟာ ဒုတိယ ဆိုင်ခွဲ ဖွင့်လှစ်ဖို့အတွက် ဘဏ်မှာ ကျိုးကြောင်းဆီလျောတဲ့ တောင်းဆိုမှု တစ်ခု ပြုလုပ်ခဲ့ရာမှာ ဘဏ်တိုင်းက ငြင်းပယ်ခဲ့တဲ့ အပြင် သူ့ကို ခွေးတစ်ကောင်လို ဆက်ဆံခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီလို ဘဏ်တွေရဲ့  ငြင်းပယ်လိုက်မှု ကြောင့် ပြင်သစ်စီးပွားရေးလုပ်ငန်းတွေ ဘာကြောင့် လန်ဒန်ကို ပြောင်းရွှေ့ သွားရတယ်ဆိုတာကိုလည်း သဘောပေါက်ခဲ့ရတယ်လို့ Mr Callet က ဆိုပါတယ်။ သူ့ရဲ့  ပြောကြားချက်အရ သူ့ရဲ့  ပဲရစ်မြို့  ၊ Reuil-Malmaison ရပ်ကွက်မှာဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ဟာ အကျိုးအမြတ်ကောင်းမွန်ပြီး သူ့စားသောက်ဆိုင်ရဲ့  အဓိက စားသုံးသူတွေဟာ ရုပ်ရှင် သရုပ်ဆောင်တွေ ဖြစ်ကြတယ်လို့ လည်း ဆိုထားပါတယ်။

ဒါ့အပြင် Mr Callet ဟာ သူ့ရဲ့  Les Ecuries de Richlieu လို့ အမည်ရတဲ့ စားသောက်ဆိုင်ရဲ့  အရှေ့ မှာ ကျောက်သင်ပုန်းတစ်ခုနဲ့ အတူအောက်ပါအတိုင်း ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

“ခွေးများလည်းဝင်ရောက်နိုင်ပါသည်။ သို့သော် ဘဏ်ဝန်ထမ်းများအားတားမြစ်ပါသည်။ ဘဏ်ဝန်ထမ်းများ ဆိုင်ထဲ ၀င်ချင်လျှင် စတာလင်ပေါင် ၇၀၀၀၀ ၀င်ကြေးပေးရပါမည်။” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။



( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment