Powered by Blogger.

ပဲလုံးစိမ်းစည်သွပ်ဗူးထဲမှာ တွေ့ခဲ့ရတဲ့ မြွေခေါင်းပြတ်


Utah အမျိုးသမီးတစ်ဦးဟာ ပဲလုံးစိမ်းစည်သွပ်ဗူးထဲမှာ ခေါင်းပြတ်နေတဲ့ မြွေခေါင်းတစ်ခုကိုတွေ့ရှိခဲ့လို့ အတော်အံအားသင့်သွားရပါသတဲ့။

ဗုဒ္ဓဟူးနေ့ညနေဘက်မှာ Troy Walker ဟာ ဘုရားကျောင်းကို လာရောက်သူတွေကို ကျွေးမွေးဧည့်ခံဖို့ ချက်ပြုတ်ပြင်ဆင်နေခဲ့ရာ Western Family အမှတ်တံဆိပ် ပဲလုံးစိမ်းစည်သွပ်ဗူးထဲမှာ ပါလာတဲ့ မြွေခေါင်းပြတ်ကို သတိထားမိခဲ့တာဖြစ်ပါတယ်။

 “ အစကတော့ မီးလောင်ထားတဲ့ ပဲသီးစိမ်းလို့ ထင်နေတာပေါ့။ နောက်မှ ကျွန်မလည်း ဇွန်းကို အနီးကပ်ယူကြည့်လိုက်တော့ မြွေရဲ့မျက်လုံးတွေကို တွေ့ရတယ်။ ဒါနဲ့ ကျွန်မလည်း ဇွန်းကိုလွှတ်ချပြီး အော်လိုက်မိတော့တာပဲ “ လို့ သူက KSL သတင်းဌာနကို ပြောပြသွားပါတယ်။

Walker လည်း ကျန်တဲ့ ပဲလုံးစိမ်းတွေကို သွန်ပစ်ခဲ့ပြီး သူဝယ်ယူခဲ့တဲ့ ကုန်စုံဆိုင်ကို သွားရောက်ပြောပြခဲ့ပြီး Western Family စက်ရုံကို ဒီအကြောင်း အကြောင်းကြားခဲ့ပါတယ်တဲ့။
WTHR အဆိုအရ Western Family ဟာ ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားလိုက်ပြီး ထုတ်လုပ်အဆင့်ဆင့်ကို ပြန်လည်စစ်ဆေးနေတယ်လို့ သိရပါတယ်။


(Michelle)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန့်ထွေလာ)
#knowledge.thithtoolwin.com

Ref: UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment