Powered by Blogger.

ခရီးသွားတဲ့အခါ ပြင်ဆင်သွားသင့်တဲ့ အချက်များ



အားလပ်ရက်မှာ ခရီးထွက်ဖို့ ပြင်ဆင်နေတာလား? သယ်သွားမယ့် အိတ်ကို သေးသေးနဲ့ ကျစ်ကျစ်လစ်လစ် ပစ္စည်းတွေဘယ်လိုထည့်ရမလဲ တွေးနေတာလား?

ဘာတွေ ထည့်သွားမလဲဆိုတာ စာရင်းလုပ်ပါ

ခရီးမှာ သယ်သွားမယ့် ပစ္စည်းတွေစာရင်းကို အရင်ဆုံးချရေးလိုက်ပါ။ သွားမယ့်နေရာဒေသရဲ့ ရာသီဥတုကိုလည်း ထည့်စဉ်းစားဖို့မမေ့ပါနဲ့။ ပြီးတော့ ဟိုမှာ ဘာတွေလုပ်မှာလဲ၊ ဘာပွဲတွေတက်ဖို့ရှိလဲ ဆိုတာကိုလည်း စဉ်းစားပါ။ ပြီးရင်တော့ အိတ်ထဲကို ပစ္စည်းတွေ မထည့်ခင်မှာ မလိုအပ်တဲ့ပစ္စည်းတွေကို စာရင်းထဲကနေ ဖယ်ထုတ်ထားခဲ့လို့ရတာပေါ့။

လိုအပ်တဲ့ အ၀တ်အစားတွေကို လျှော့နိုင်သမျှလျှော့ပါ

လိုအပ်မယ့် အ၀တ်အစားတွေလောက်ပဲ ထည့်သွားဖို့ပဲလိုတာပါ။ အကုန်လုံး ထုတ်ပိုးထည့်သွားစရာမလိုဘူးလေ။ တကယ်ကို ၀တ်ဖြစ်မယ့် အ၀တ်အစားတွေကိုပဲထည့်ပြီး ၀တ်ရင်ဝတ်ဖြစ်မှာ ဆိုတဲ့ဟာမျိုးတွေကို ချန်ထားခဲ့လိုက်ပါ။ အဆင်ဒီဇိုင်းမျိုးစုံပါတဲ့ အ၀တ်အစားတွေထက် ကာလာပြောင်နဲ့ရိုးရှင်းတဲ့ ဒီဇိုင်းတွေကို ရွေးချယ်တာဟာ အိတ်ထုတ်ပိုးတဲ့အခါ ပိုမိုပေါ့ပါးသွားစေမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ နေရာသိပ်မယူတဲ့ အ၀တ်အထည်တွေကိုလည်း ရွေးတတ်ဖို့လိုပါတယ်။ ရာသီဥတုအေးတယ်ဆိုရင်လည်း ကုတ်အင်္ကျီ သို့ ဂျက်ကက်တစ်ထည်ကို စိတ်ကြိုက်ရွေးချယ် ထည့်သွားနိုင်ပါတယ်။

အတွင်းခံ အ၀တ်အစားတွေကို ထုတ်ပိုးပါ

အတွင်းခံ အပိုများများတော့ ထည့်သွားသင့်တာကတော့ ဘယ်လိုခရီးမျိုးကိုမဆိုပါပဲ။ ပိတ်ရက်ခရီးတိုလေးတွေအတွက်တော့ အလဲအလှဲအတွက် နှစ်စုံကတော့ မထည့်မဖြစ်ထည့်သင့်ပြီး အပို ၂ စုံလောက်လည်း ဆောင်ထားသင့်ပါတယ်။ ညအိတ်ဝတ်စုံတစ်စုံထည့်ဖို့ကိုလည်း မမေ့ပါနဲ့။

စီးမယ့် ဖိနပ်တွေကိုလည်း ထည့်ဖို့မမေ့ပါနဲ့

အရောင်မရွေး လိုက်ဖက်ပြီး တကယ်စီးရတာအဆင်ပြေမယ့် ဖိနပ်တွေကို ရွေးဖို့လိုပါတယ်။ ကြိုးချည်ရှုးဖိနပ်လို၊ ဘွတ်ဖိနပ်လို အ၀တ်အစားဒီဇိုင်းတိုင်းနဲ့ လိုက်ဖက်နိုင်မယ့် ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ်။ အိတ်ထဲထည့်သယ်ဖို့ဆိုရင်လည်း ပေါ့ပါးတဲ့ဖိနပ်ကို အိတ်ထဲထည့်ပြီး လေးတဲ့ဖိနပ်မျိုးကိုတော့ ကိုယ်တိုင်စီးပြီး ခရီးသွားသင့်ပါတယ်။

တစ်ကိုယ်ရည်သုံး ပစ္စည်းလေးတွေကိုလည်း သေချာရွေးချယ်ထည့်ပါ

စူပါမားကက်ပဲဖြစ်ဖြစ် ဆေးဆိုင်မျိုးကိုပဲဖြစ်ဖြစ် တစ်ခေါက်လောက်သွားပြီး တစ်ကိုယ်ရည်သုံးပစ္စည်းလေးတွေလည်း ၀ယ်ယူထားသင့်ပါတယ်။ ပိုက်ဆံချွေတာချင်တယ်ဆိုရင်တော့ အိမ်မှသုံးလက်စ ခေါင်းလျှော်ရည်၊ ပေါင်းတင်ဆေး၊ မျက်နှာသစ်ဆပ်ပြာ၊ လိုးရှင်းစတာတွေကို ပလတ်စတစ်ဗူးလေးတွေနဲ့ ပြောင်းထည့်သွားလို့လည်း ရပါတယ်။ အိတ်ထဲမှာ ချောင်ချောင်ချိချိရှိစေဖို့ ဘီး၊ သွားတိုက်တံစတာတွေကို ခရီးဆောင်ဆိုဒ်အသေးလေးတွေ ရွေးချယ်ထည့်သွားသင့်ပါတယ်။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Lifehack



Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment