Powered by Blogger.

ရွေ့လျားနိုင်တဲ့ အိမ်များ




ကုန်တင်နောက်တွဲယာဉ်တစ်ခုကို အသုံးပြုပြီးတည်ဆောက်ထားတဲ့ ရွေ့လျားနိုင်တဲ့ အိမ်တစ်မျိုးကို သြစတေးလျနိုင်ငံက ဒီဇိုင်းဖော် တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်


 ဒီအိမ်ကိုဆိုရင်တော့ စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီးတော့ ဒီဇိုင်းဖော်ကျူးခဲ့တာဖြစ်ပြီး လျှပ်စစ်ထုတ်လွှတ်နိုင်မှု ၊ အညစ်အကြေးစွန့်စနစ်နဲ့ ရေထုတ်လုပ်တဲ့ စနစ်တွေကိုလည်း ထည့်သွင်းတည်ဆောက်ထားတာကြောင့် သူတို့ရဲ့ နည်းပညာကတော့ အံအားသင့်စရာဖြစ်လာခဲ့ပါတယ်။

နောက်တွဲယာဉ်ကိုတော့ ပတ်ပတ်လည် ရွှံ့စေးပလာစတာတွေနဲ့ မံထားပြီး ရေဒဏ်လေဒဏ်ကိုခံနိုင်ဖို့ အတွက် အဆီနံရံတစ်ထပ်ကိုလည်း ခံထားသေးတယ်လို့လည်း သိရပါတယ်။


ဆိုလာပြားတွေကိုလည်း ဒီအိမ်ရဲ့ ခေါင်မိုးပေါ်မှာ တပ်ဆင်ထားပြီး လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးဖို့ စီစဉ်ထားပြီး ရေကို ကျိုချက်တဲ့စနစ်တွေ ၊ ဒစ်ဂျစ်တယ် မီးလင်းဖိုတွေနဲ့ ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။ မီးလင်းဖိုကို ဒီကုမ္ပဏီကပဲ တီထွင်ထားတာဖြစ်ပြီး အခန်းကို အနွေးဓာတ်ကို သဘာဝအတိုင်း ထိန်းညှိပေးသွားမှာပါ။


ဒီကုမ္ပဏီမှာတော့ ဒီလိုအိမ်တွေကို အမျိုးအစားအစုံမှာယူရရှိနိုင်ပြီး ဒေါ်လာ ၄၉၀၀၀ တန်ကနေ ဒေါ်လာ ၁၀၄၅၀၀ တန်အထိ ဈေးနှုန်းရှိတယ်လို့ သိရပါတယ်။ ၂၀၁၃ မှာစတင်ပြီး ဒီအိမ်တွေကို ထုတ်လုပ်ဖို့ စိတ်ကူးရခဲ့တာဖြစ်ပြီး ကော်ဖီဆိုင်တွေနဲ့ ရုံးတွေအတွက် ပြုလုပ်ရတာများပြားတယ်လို့ သိရပါတယ်။ သူတို့ဟာ ဒီလိုအိမ်မျိုးတွေကို တည်ဆောက်ဖို့ အော်ဒါပေါင်း ၄၀၀ ကျော်လက်ခံရရှိပြီးဖြစ်တယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment