Powered by Blogger.

ပင်လယ်စာထဲက ဒေါ်လာ ၆၀၀ တန် ပုလဲတစ်လုံးရှာတွေ့



Washington မှာရှိတဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူနဲ့ ညစာထွက်စားချိန်မှာ ပင်လယ်စာထဲက ဒေါ်လာ ၆၀၀ တန် ပုလဲတစ်လုံးကို တွေ့ခဲ့ရပါသတဲ့။

Lindsay hasz ဟာ ခင်ပွန်းဖြစ်သူ Chris နဲ့ Montalcino Ristorante Italiano စားသောက်ဆိုင်မှာ စားသောက်နေစဉ် သူ့ပါးစပ်ထဲကို တစ်ခုခုပါလာတာကို ခံစားမိခဲ့ပါသတဲ့။

 “ ကျွန်မ ပင်လယ်စာတစ်ပွဲကို ၀ိုင်အဖြူ၊ သံပုရာဆော့စ်နဲ့ တွဲဖက်မှာယူခဲ့တာပါ၊ စားနေရင်း ပန်းကန်တစ်ဝက်စာလောက်မှာ မာကြောတဲ့အရာတစ်ခုကို ၀ါးမိလို့ သွားတောင်ကျိုးမတတ်ပါပဲ “ လို့ Seattle Times သတင်းဌာနကို ပြောပြခဲ့ပါတယ်။

Hasz တစ်ယောက် ပါးစပ်ထဲက ထွေးထုတ်ကြည့်လိုက်တဲ့အခါမှာတော့ ပုလဲလုံးတစ်လုံးဖြစ်နေတာကို တွေ့ခဲ့ရတာပါ။

 “ ကျွန်မအထင်တော့ မီးဖိုဆောင်ထဲက ၀န်ထမ်းတစ်ယောက်ယောက်စီက ပြုတ်ကျပြီး ကျွန်မ ပန်းကန်ထဲကို ပါလာတယ် ထင်တာပဲ” လို့ KOMO-TV ကို ပြောပြခဲ့ပါတယ်။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment