Powered by Blogger.

တစ်ပတ်ကို ဗင်နီဂါ ၂ ပုလင်း ပုံမှန်သောက်သုံးတဲ့ ထူးဆန်းတဲ့ ဗြိတိန် အမျိုးသမီး



ဗြိတိန် နိုင်ငံရဲ့  အစွန်းရောက် ဗင်နီဂါ စွဲလန်းနေသူ အမျိုးသမီး Ella Ruby Ginn ဟာ တစ်ပတ်ကို ဗင်နီဂါ ၂ ပုလင်းခန့် အမြဲသောက်သုံးပြီး မသောက်ရမနေနိုင် ဖြစ်နေတတ်တယ်လို့ သိရပါတယ်။

သူမဟာ ငယ်စဉ်ကတည်းက ဗင်နီဂါတွေကို ဖန်ခွက်ထဲထည့်ပြီး သောက်သုံးခြင်း အား စတင်ခဲ့ပြီး အမြဲတမ်းလည်း သောက်လေသောက်လေ ငတ်မပြေ ဖြစ်နေခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ Ella ဟာ ဗင်နီဂါ ဟင်းခတ်အရည်တစ်မျိုးကို ဘယ်လို အရသာ ကွဲမျိုးနဲ့ ဖြစ်ဖြစ် သောက်သုံးရတာ သဘောကျသူဖြစ်ပြီး အကြိုက်ဆုံးကတော့ ပန်းသီးအရသာ ဗင်နီဂါဖြစ်ပါတယ်။

ထို ဆယ်ကျော်သက် ကောင်မလေးဟာ သူမရဲ့  လွယ်အိတ်ထဲမှာလည်း ဗင်နီဂါ ပုလင်းတွေကို သယ်ဆောင်သွားလေ့ရှိပြီး သူမ ဗိုက်ဆာတဲ့ အခါမျိုးမှာ ထုတ်သောက်လေ့ရှိတယ်လို့လည်း သိရပါတယ်။ သူမရဲ့ ဗင်နီဂါ သောက်သုံးနှုန်းဟာ တစ်နှစ်ကို ၁၈၄ ပိုင့် ခန့် ရှိနေပါတယ်။

အင်္ဂလန်နိုင်ငံ တောင်ပိုင်းက East Sussex ပြည်နယ်မှာ နေထိုင်သူ Ella က “ကျွန်မ ဗင်နီဂါ စတင်သောက်ခဲ့တဲ့အချိန်ကိုတောင် မမှတ်မိတော့ပါဘူး။ သေချာတာကတော့ အဲဒီတုန်းက ကျွန်မတော်တော်ငယ်ပါသေးတယ်။ ကျွန်မ စားသောက်ဆိုင်တွေသွားရင် တွေ့တဲ့ ဗင်နီဂါ အရည်တွေကို ပုလင်းတစ်ခုထဲ ပြောင်းထည့်ပြီး လွယ်အိတ်ထဲထည့် သယ်သွားပါတယ်။ ကျွန်မ သောက်ချင်လာရင် ထုတ်သောက် လိုက်ပါတယ်။ လူတွေ ဘယ်လိုထင်လည်း ကျွန်မ ဂရုမစိုက်ပါဘူး” လို့လည်း ပြောပြလာ ပါသေးတယ်။

Ella ရဲ့  ဗင်နီဂါ စွဲလန်းမှုကြောင့် အချစ်ကို ရှာဖွေရာမှာ အခက်အခဲ တွေ့ခဲ့ပါတယ်။ အမျိုးသားတိုင်းက သူမရဲ့  ထူးဆန်းတဲ့ အကျင့်ကို သိပြီးတဲ့နောက်မှာ ရှောင်ဖယ်သွားကြပါတယ်။ အခုတော့ Ella ဟာ ချစ်သူကောင်လေး တစ်ယောက် ရရှိထားပြီး ထို အမျိုးသားကတော့ သူမအတွက် ဗင်နီဂါ အရသာပါဝင်တဲ့ ရမ် အရက်တွေကိုပါ ဖန်တီးပေးထားတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment