Powered by Blogger.

အမျိုးသမီးတွေက အမျိုးသားတွေကို လက်ထပ်ခွင့် ပြန်တောင်းတဲ့ ဖေဖော်ဝါရီ ၂၉ ရက်



ဒီနှစ်က ရက်ပေါင်း ၃၆၆ ရက်ရှိတာမို့ သာမာန်နှစ်တွေထက် ထူးခြားတာကြောင့် ထူးဆန်းပြီးပျော်စရာကောင်းတဲ့ အရာတွေနဲ့လည်း ပြည့်နှက်နေပါတယ်။

ရက်ထပ်နှစ်နဲ့ ပတ်သက်ပြီး အိုင်းရစ်လူမျိုးတွေရဲ့ ရိုးရာထုံးစံမှာ ဒဏ္ဍာရီလေးတစ်ပုဒ်လည်း ရှိပါတယ်။ ဒါကတော့ ဖေဖော်ဝါရီ ၂၉ရက်နေ့ဆိုရင် အမျိုးသားတွေ လုပ်ရိုးလုပ်စဉ်လိုမျိုး အမျိုးသမီးတွေက ချစ်သူအမျိုးသားတွေကို ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းနိုင်တာပဲ ဖြစ်ပါတယ်။

စကော့လူမျိုးတွေမှာလည်း ၁၂၈၈ ခုနှစ်တုန်းက အမျိုးသမီးတွေက သူတို့ရဲ့ အိပ်မက်ထဲက ချစ်သူအမျိုးသားတွေကို ရက်ထပ်နှစ်တိုင်း လက်ထပ်ခွင့်တောင်းနိုင်ကြောင်း ဥပဒေတစ်ရပ်ထုတ်ခဲ့ပါသတဲ့။

အဲဒီ ဥပဒေကတော့ ဘုရင်မ Margaret က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အမျိုးသမီးတွေအနေနဲ့ လက်ထပ်ခွင့်တောင်းတဲ့အခါ အနီရောင်အတွင်းခံဝတ်စုံကို ၀တ်ဆင်ရမယ်လို့လည်း သတ်မှတ်ထားခဲ့ပါသတဲ့။



( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : irishcentral

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment