Powered by Blogger.

ဒဏ်ရာရထားတဲ့ ကြက်တူရွေးကို 3D ပရင်တာထုတ် နှုတ်သီးအစားထိုး တပ်ဆင်ပေးခဲ့



တိရစ္ဆာန်ပြုစုစောင့်ရှောက် ကုသရေးအဖွဲ့တစ်ဖွဲ့နဲ့ 3D ပရင့်ထုတ်လုပ် ကျွမ်းကျင်သူတွေဟာ ဘရာဇီးနိုင်ငံရှိ ဒဏ်ရာရရှိနေတဲ့ ကြက်တူရွေးလေးတစ်ကောင်ကို တိုင်တေနီယမ်နှုတ်သီးလေး အောင်မြင်စွာ တပ်ဆင်ကုသပေးနိုင်ခဲ့ပါတယ်။

Gigi လို့ခေါ်တဲ့ ကြက်တူရွေးလေးကို Sao Paulo ရှိ  Animal Care Center Ipiranga ကို ခေါ်လာခဲ့ပြီး နှုတ်သီးမှာ ဒဏ်ရာရနေတဲ့အတွက် အစာမာမာတွေစားလို့မရခဲ့ပါဘူး။

သူ့ကို ဆေးရုံတင်ထားပေးပြီး ခွဲစိတ်ဆရာဝန် Roberto Fecchio ၊ မျက်နှာပြန်လည်ကုသရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Cicero Moraes နဲ့ သွားဆရာဝန် Paul Miamoto တို့က ပူးပေါင်းကုသပေးခဲ့ကြတာ ဖြစ်ပါသတဲ့။

3D ဒီဇိုင်နာလည်းဖြစ်တဲ့ Moraes ကတော့ သူ့တို့အဖွဲ့ရဲ့ကြိုးစားအားထုတ်မှုတွေအကြောင်း Facebook မှာ ဓါတ်ပုံတွေ ဝေမျှဖော်ပြခဲ့ပါတယ်။

Gigi ရဲ့ 3D-printed တိုင်တေနီယမ် နှုတ်သီးလေးမှာ အရောင်စုံကျောက်လေးတွေနဲ့လည်း အလှဆင်ပေးထားပါသေးတယ်။
Moraes ကတော့ ဒီလို ကြက်တူရွေးလေးတစ်ကောင်ကို အောင်အောင်မြင်မြင် 3D-printed နှုတ်သီးအစားထိုး တပ်ဆင်ပေးနိုင်တာ ဒါပထမဦးဆုံးပါပဲလို့ ဆိုပါတယ်။


( Michelle )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment