Powered by Blogger.

အိုဟိုင်းအိုးပြည်နယ် ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၁၄နှစ် အရွယ် တရားခံကို ဖမ်းဆီးရရှိခဲ့



တင်္နလာနေ့မနက်က အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ် ကျောင်းတစ်ကျောင်းမှာ အသက် ၁၄နှစ် အရွယ် အတန်းဖော်ရဲ့ ပစ်ခတ်မှုကြောင့်ကျောင်းသားလေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Clevelandရဲ့ အရှေ့မြောက် မိုင်လေးဆယ်အကွာက Madison မြို့နယ်ရဲ့ Madison Jr/Sr High Schoolက ပစ်ခတ်မှုဟာ တနင်္လာနေ့မနက် ဒေသစံတော်ချိန် ၁၁း၁၅ လောက်က စတင်ခဲ့တယ်လို့ ရဲတွေကဆိုပါတယ်။

အသက် ၁၅နှစ်အရွယ် Cameron Smith  နဲ့ အသက် ၁၄နှစ် အရွယ်  Cooper Cafferyတို့ဟာ သေနတ်နဲ့ အပစ်ခံခဲ့ရပြီး အသက် ၁၄နှစ်အရွယ် Brant Murray နဲ့ Katherine Doucetteတို့ကတော့ သေနတ်ကိုရှောင်ရင်း ကျည်ဆန်အစအနတွေ မှန်ခဲ့တယ်လို့ WLWT-TVက အစီရင်ခံခဲ့ပါတယ်။

တရားခံကတော့ အသက် ၁၄နှစ်ရှိပြီဖြစ်တဲ့  ဂျိမ်းအော်စတင် ဟန်းကော့(James Austin Hancock)ပါဆရာဝန်တွေရဲ့ အဆိုအရ ယောက်ျား၂ယောက်ထဲက တစ်ယောက်က သေနတ်နဲ့တစ်ချက်အပစ်ခံရပြီးနောက်တစ်ယောက်ကတော့ သေနတ်ဒဏ်ရာ နှစ်ချက်ရရှိခဲ့တယ်လို့ သိရပါတယ်။

တရားခံဟာ ပစ်ခတ်မှုပြီးတဲ့နောက် အဆောက်အအုံကနေ ထွက်ပြေးပြီး သေနတ်ကို အောက်ကိုပစ်ချခဲ့ပါတယ်။တရားခံ ဟန်းကော့ဟာ အထိတ်တလန့်ဖြစ်စေမှုနဲ့ အကြမ်းဖက်မှုအပါအ၀င် ရာဇ၀တ် သင့်တဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုအတွက် စွဲချက်နှစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။

ကျောင်းကိုတော့ တင်္နလာနေ့ ပစ်ခတ်မှုအပြီးမှာ ပိတ်လိုက်ရပြီး တာဝန်ရှိသူတွေကတော့ အင်္ဂါနေ့ပါ ပိတ်တယ်လို့ဆိုပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment