Powered by Blogger.

တိရစ္ဆာန်တွေကို အသုံးပြုပြီး မျက်နှာအသားအရေကို ပြုပြင်ခြင်း





“အနာခံမှ အသာစံရမယ်”ဆိုတဲ့ စကားပုံလိုပါပဲ။ မျက်နှာအသားအရေလေးတွေ ကြည့်လို့ကောင်းနေဖို့အတွက် မျက်နှာကို ကုသတဲ့ နည်းထုံးတွေကလည်း ဆန်းကျယ်လာပါပြီ။ ဘီယာနဲ့ ရေချိုးပေးပြီး အသားအရေကို ပြုပြင်ပေးတယ်ဆိုတဲ့ Spa ပေါ်လာပြီးတဲ့နောက်မှာ ပျိုမေတွေအတွက်လည်း မျက်နှာပေါင်းတင်နည်းတွေ ၊ ချေးချွတ်နည်းတွေကလည်း တစ်နေ့ထက်တစ်နေ့ထူးဆန်းလာပါတယ်။

ဒီလိုထူးခြားတဲ့ မျက်နှာအသားအရေကို ကုသတဲ့နည်းတွေဟာဆိုရင်တော့ တကယ်လည်း ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိတယ်လို့ သိရပါတယ်။

 



ခရုများနှင့် မျက်နှာကုသနည်း
ဂျပန်နိုင်ငံမှာစတင်ခဲ့ပြီး နိုင်ငံတကာမှာလူသိများလာတဲ့  ခရုတွေနဲ့ မျက်နှာအရေပြားကို ကုသနည်းကတော့ တကယ်ကို အသည်းယားစရာပါပဲ။ ခရုတွားသွားရာကနေ ထွက်ရှိလာတဲ့ အကျိအချွဲတွေဟာဆိုရင်တော့ အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေတဲ့ အရေးအကြောင်းတွေကို ဖယ်ရှားပေးပြီး မျက်နှာကို နုပျိုစေတဲ့ ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ ဒီအကျိအချွဲတွေကို moisturizing cream အနေနဲ့တောင် ထွက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။


ငှက်မစင်လိမ်းပြီး ကုသနည်း

ကလေးတစ်ယောက်ရဲ့ အသားအရေလို နူးညံ့စေဖို့အတွက် ငှက်မစင်ကို မျက်နှာအနှံ့မှာ လိမ်းခြယ်လာကြတယ်လို့ သိရပါတယ်။ တစ်နာရီလောက် ငှက်မစင်ကို မျက်နှာမှာ အုံထားရင်တော့ အသားအရေနူးညံ့မှုကို သိသိသာသာမြင်ရလိမ့်မယ်လို့ဆိုပါတယ်။ ဒီကုသနည်းအတွက်တော့ တရားဝင်ဝက်ဘ်ဆိုက်တစ်ခုတောင် ဖွင့်လှစ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

မြွေများနှင့်ကုသနည်း

မြွေကြောက်တတ်တဲ့သူတွေအတွက်တော့ တိုင်ပတ်မယ့် ကုသနည်းပါပဲ။ မြွေတွေဟာဆိုရင်တော့ သင့်ရဲ့ လည်ပင်း ၊ ပုခုံးနဲ့ မျက်နှာတွေပေါ်မှာ တွားသွားနေမှာဖြစ်ပြီး ကြွက်သားနာကျင်မှုတွေနဲ့ အကြောတက် ကိုက်ခဲတဲ့ဝေဒနာတွေကို သက်သာစေတယ်လို့သိရပါတယ်။

အချင်းကို မျက်နှာဖုံးပြုလုပ်ပြီး ပေါင်းတင်နည်း 

ဒီရဲ့ အချင်းကို အသုံးပြုပြီး ကုသတာဟာဆိုရင်တော့ အိုမင်းရင့်ရော်မှုကို လျှော့ချပေးပြီး မျက်နှာကို အာဟာရဓာတ်ဖြည့်ဆည်းပေးတဲ့ အစွမ်းတွေရှိတယ်လို့ သိရပါတယ်။ ဒီရဲ့ ကုသမှုကတော့ တစ်နာရီခွဲအချိန်ပေးရမှာ ဖြစ်ပြီး ဒေါ်လာ ၂၀၀ လောက် ကုန်ကျမှာဖြစ်ပါတယ်။



( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment