Powered by Blogger.

အီရပ်နိုင်ငံ နာရေးအခမ်းအနားတစ်ခုတွင် ဗုံးဖောက်ခွဲမှု ဖြစ် ရာ လူအနည်းဆုံး ၃၈ဦးသေဆုံး



ဘဂ္ဂဒက်မြို့ရဲ့ အရှေ့မြောက် မိုင် ၆၀လောက်က မြို့တော် မဒရပ်မှာ လုပ်နေတဲ့ ရှီယာ ဈာပနတစ်ခုအတွင်းပြင်းပြင်းထန်ထန် ဗုံးဖောက်ခွဲခဲ့ပါတယ်။အသေခံ ဗုံးခွဲခဲ့တာဖြစ်ပြီး လူ၃၈ဦး သေဆုံးခဲ့ပါတယ်။ အဲဒီနောက် လူ၅၀လောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထပ်မံကြေညာခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ရှီယာပြည်နယ်အတွင်းက ဆဒါမြို့တော်မှာ လူ၇၈ယောက်သေဆုံးပြီး လူ၁၀၀ကျော် ဒဏ်ရာရခဲ့တဲ့ဗုံးနှစ်လုံးပေါက်ကွဲမှုနဲ့ တစ်ရက်ပဲ ခြားပါတယ်။

ဖောက်ခွဲရေးသမားက ဈာပနကို တက်ရောက်နေတဲ့ ရှီယာစစ်သားနှစ်ယောက်အနီးကို ဖောက်ခွဲခဲ့တာပါ။

တင်္နလာနေ့က ဖောက်ခွဲမှုမှာ ရှီယာ စစ်သားဒေသခံ   စီနီယာခေါင်းဆောင် အာဆစ် အလာ အယ် ဟပ်(Asaib Ahl al Haq)လည်း သေဆုံးခဲ့ပါတယ်။

ဒီယာလာဒေသလည်း အစ္စလာမ်မစ်နိုင်ငံတွေရဲ့ မကြာခဏတိုက်ခိုက်မှုကို ခံနေရပြီး အာဏာပိုင်တွေကတော့ဒီတိုက်ခိုက်မှုတွေကို တာဝန်ယူဖို့ငြင်းဆန်နေပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment