ကားရှေ့ဘမ်ပါဖုံးမှာ ညှပ်ပြီး ၈မိုင်တိတိပါလာတဲ့ ကြောင်လေးကို ကယ်တင်ခဲ့
Southern California မှ တိရိစ္တာန်ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ရှိသူတွေက ကားရှေ့ဘမ်ပါဖုံးကြားမှာ ညှပ်ပြီး ၈မိုင်တိတိပါလာတဲ့ ကြောင်လေးတစ်ကောင်ကို ကယ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဌာနရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ Santee မှ အမိုးသမီးတစ်ဦးဟာ သူ့ရဲ့ကားဖုံးအရှေ့မှာ ကြောင်တစ်ကောင်ညှပ်ပါလာတာကို မသိခင် ၈ မိုင်ခရီးကို ကားမောင်းထွက်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မိုက်ခရိုချစ်ပ်ပြားလေးမှာတော့ ကြောင်လေးနာမည်က Gnocchi လို့ခေါ်ပြီး ကားမောင်းလာခဲ့သူ အမျိုးသမီးရဲ့ အိမ်နီးချင်းအိမ်က ဖြစ်ပါသတဲ့။ စမ်းသပ်ဆေးစစ်ချက်တွေအရတော့ ကြောင်ကလေးမှာ ဘာဒဏ်ရာမှ မရရှိခဲ့ပါဘူး။
( Paing A K )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : UPI
0 comments:
Post a Comment