သြစတေးလျဆယ်ကျော်သက်တွေက ကမ်းတင်နေတဲ့ လင်းပိုင်ပေါက်လေးကို ကယ်တင်
သြစတေးလျဆယ်ကျော်သက်တစ်ဖွဲ့ကတော့ သြစတေးသြအနောက်ဘက်ကမ်းခြေမှာ သောင်တင်နေတဲ့ လင်းပိုင်ပေါက်ကလေးတစ်ကောင်ကို ပင်လယ်ထဲပြန်သွားဖို့ ကူညီခဲ့ကြပါတယ်။
ကျွန်တော်တို့က စစခြင်းတွေ့တော့ လင်းပိုင်လေးကို ဖျားနေတယ် လို့ထင်တာပါ ဒါနဲ့ အနားကို သွားကြည့်လိုက်တော့မှ ရေလှိုင်းတွေ မရှိတော့လို့ သူ့ခမျာ ကမ်းတင်နေရှာတာပါ လို့ Allegretta က WA Today ကို ပြောပါတယ်။
လင်းပိုင်အမေကြီးကိုတော့ အနီးအနားမှာ မတွေ့ရပါဘူး လင်းပိုင်လေးကတော့ သူ့အမေကို အသံပေးပြီးတော့ ခေါ်နေတာပါ လို့ Allegretta က ပြောပါတယ်။
လင်းပိုင်လေးက အရမ်းကြောက်လန့်နေပြီး ခုန်ဆွခုန်ဆွဖြစ်နေတာပါ။ သေချာတာကတော့ သူဒီလိုဖြစ်နေတာကို မကြိုက်ပါဘူး။ ကျွန်တော်တို့ ရောက်လာတော့ သူခမျာ ပိုပိုကြောက်နေတာပါ။ ဒါနဲ့ ကျွန်တော်လည်း သူကို ပွတ်သပ်ပေးလိုက်တော့မှ ငြိမ်သွားတာပါ လို့ သူကပြောပါတယ်။
သူကို ပင်လယ်ရေနက်ထဲပြန်ပို့ပေးဖို့ မိနစ်၃၀လောက်အချိန်ယူလိုက်ရပါတယ် ဒါပေမယ့် ရေနက်ထဲကို ဖြည်းဖြည်ချင်း ရောက်သွားပါတယ်။ လို့ Allegretta ကပြောပါတယ်။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : UPI
0 comments:
Post a Comment