တောင်ကိုးရီးယားက ခရီးသွားတွေကို Samsung Galaxy Note 5 ဖုန်းတွေ ခေတ္တငှားရမ်းဖို့စီစဉ်
တောင်ကိုးရီယားနိုင်ငံဟာဆိုရင်တော့ သူတို့နိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသား ခရီးသွားတွေအတွက် အထူးအစီအစဉ်တစ်ရပ်ကို ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
တောင်ကိုးရီးယားနိုင်ငံဟာ အင်တာနက်သုံးစွဲမှုအများဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ဖုန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Samsung နဲ့ LG တို့ အခြေစိုက်ရာ ဒေသလည်း ဖြစ်ပါတယ်။
ကိုးရီးယားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကတော့ နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့် အစီအစဉ်တစ်ခုလည်း လုပ်ဆောင်ဖို့ စီစဉ်နေပါပြီ။
တောင်ကိုးရီးယားနိုင်ငံဟာ “Enjoy Mobile Korea” ဆိုတဲ့ အစီအစဉ်တစ်ခုကို စတင်ပြုလုပ်သွားဖို့ စီစဉ်လျက်ရှိနေပြီးတော့ လေဆိပ်ကို နိုင်ငံခြားသားခရီးသွားတွေ ဆိုက်ရောက်လာတာနဲ့ Samsung Galaxy Note 5 ဖုန်းတွေကို ဝေမျှသွားမှာဖြစ်ပြီး အင်တာနက်ဒေတာလည်း အခမဲ့အနေနဲ့ ကာလတစ်ခုအထိ အသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။
ဒီအစီအစဉ် စစချင်းမှာတော့ ခရီးသွား ၂၅၀ ကိုသာ စမ်းသပ်သုံးစွဲခွင့်ပေးသွားမှာဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားများတဲ့ အင်ချွန်လေဆိပ်မှာ စတင်သွားမှာပါ။ ပြည်တွင်းဖုန်းခေါ်ဆိုမှုတွေနဲ့ မက်ဆေ့ခ်ျပို့တာတွေကို အခမဲ့လုပ်ဆောင်နိုင်မှာဖြစ်ပြီး ငှားရမ်းသွားမယ့်ကာလကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
ဒီအစီအစဉ်ကိုတော့ ကိုးရီးယားခရီးသွားဝန်ဆောင်မှုက ပြုလုပ်သွားတော့မှာဖြစ်ပြီး
ဖေဖော်ဝါရီလအတွင်းမှာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Foxnews
0 comments:
Post a Comment