တောင်ကိုရီးယားနိုင်ငံထဲ သုံးပြီးသားအိမ်သာသုံးစက္ကူတွေပါတဲ့ မိုးပျံပူဖောင်းတွေ မြောက်ကိုရီးယား ပစ်လွှတ်
ဇန်န၀ါရီလအတွင်းမှာ၊ မြောက်ရီးယားဟာ တောင်ကိုရီးယားနိုင်ငံထဲ သုံးပြီးသားအိမ်သာသုံးစက္ကူတွေ၊ ဆေးလိပ်ဖင်အစီခံတွေ နဲ့ ၀ါဒဖြန့်စာရွက်တွေကို မိုးပျံပူဖောင်းထဲထည့်ပြီး ပစ်လွှတ်ခဲ့တယ်လို့ သိရှိရပါတယ်။
အဆိုပါဝါဒဖြန့်စာတွေထဲမှာ “ စစ်မီးပွားကိုအစပျိုးနေတဲ့ မြောက်ကိုရီးယားမုန်းတီးရေးစိတ်ဓာတ်စစ်ဆင်ရေးထုတ်လွှင့်ချက်တွေကို အခုချက်ချင်းရပ်ဆိုင်းပစ်ပါ” လို့ ရေးသားထားတဲ့စာတွေပါဝင်ပြီး၊ တစ်ချို့စာတွေမှာ “ ပတ်ကွမ်ဟီး (တောင်ကိုရီးယားခေါင်းဆောင်) ရဲ့ အပေါင်းအပါ တွေကို မောင်းထုတ်ကြပါ” လို့ ရေးသားထားတာကို တွေ့ရှိရပါတယ်။
မြောက်ကိုရီးယားရဲ့အခုလိုဝါဒဖြန့်ပူဖောင်းစစ်ဆင်ရေးဟာ ဘယ်လောက်ထိရောက်မှုရှိလဲဆိုတာမသိရပေမယ့်၊ အခုလို မစင်အညစ်အကြေးတွေပါတဲ့ မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယားထဲပစ်လွှတ်တဲ့လုပ်ရပ်ကတော့ နှစ်မြို့စရာမရှိပါဘူး။
အဆိုပါမိုးပျံပူဖောင်းတွေကို နှစ်နိုင်ငံကြားက စစ်မဲ့ဇုန်အတွင်းမှာ စတင်မြင်တွေ့ခဲ့ရပြီး၊ တောင်ကိုရီးယားအာဏာပိုင်တွေက ဒီပူဖောင်းတွေဟာ ဇီဝဓာတု လက်နက်တွေဖြစ်မှာစိုးရွံ့နေကြပါတယ်။ တစ်ချို့ပူဖောင်းတွေဟာ စစ်မဲ့ဇုန်ကိုကျော်လွန်ကာ၊ တောင်ကိုရီးယားဘက်ထဲ ၀င်ရောက်လာခဲ့ပြီး၊ ပေါက်ကွဲကာ၊ အမှိုက်သရိုက်အညစ်အကြေးတွေပြုတ်ကျခဲ့ကြောင်း တောင်ကိုရီးယားအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့အခုလိုလုပ်ရပ်ကြောင့် တောင်ကိုရီးယားဘက်ကလည်း ပေါ့ပ်သီချင်းတွေကို လော်စပီကာတွေကနေ ဆူညံစွာ ဖွင့်လှစ်ပြီး၊ ကွန်မြူနစ်နိုင်ငံဘက်ကို ပြန်ဒုက္ခပေးခဲ့ကြပါတယ်။
(Ye Wint)
#သစ်ထူးလွင်(ဗဟုသုတ)
#knowledge.thithtoolwin.com
Ref: Mashable
0 comments:
Post a Comment