Powered by Blogger.

အင်တာနက်ပေါ်မှာ လူပြောများနေတဲ့ တရုတ်နိုင်ငံက အလှဆုံးရဲမေ



သူမရဲ့ နာမည်ကတော့ Huang Yichun လို့အမည်ရပြီး ချောမောတဲ့ ရုပ်ရည်ရူပကာကြောင့် လူပြောများနေခဲ့ပြီး သူမရဲ့ အလုပ်ကလည်း ရဲမေဖြစ်နေခဲ့တာက အွန်လိုင်းပေါ်မှာ ဟိုးလေးတကျော်ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ သူမဟာဆိုရင်တော့ ထိုင်ဝမ်က ဖြစ်ပြီး တိုင်ပေမြို့မှာ ရဲမေတာဝန်တွေကို ထန်းဆောင်လျက်ရှိပါတယ်။ Yichun ဆိုရင်တော့ ဟောင်ကောင်အဆိုတော် Gigi Leung နဲ့ ရုပ်ချင်းဆင်နေလို့လည်း ပိုပြီးတော့ လူပြောများခဲ့တာဖြစ်ပါတယ်။



Huang Yichun ဟာဆိုရင်တော့ အသက် ၂၃ နှစ်အရွယ်သာရှိပါသေးတယ်။  သူမရဲ့ လှပတဲ့ရုပ်ရည်နဲ့  သွယ်လျရှည်လျားတဲ့ ခြေတံတွေကြောင့် ထိုင်ဝမ်နိုင်ငံမှာတော့ အလှဆုံးရဲမေအဖြစ် သတ်မှတ်ခံထားရတယ်လို့လည်း သိရပါတယ်။





Yichun ဟာ ၂၀၁၃ ခုနှစ်မှာ တိုင်ပေရဲသင်တန်းကျောင်းကနေ သင်တန်းဆင်းခဲ့ပြီး တိုင်ပေမြို့ရဲ့ ရဲဌာနနှစ်ခုမှာ အလှည့်ကျတာဝန်တွေကို ထမ်းဆောင်လျက်ရှိပါတယ်။ သူမရဲ့ အဓိကတာဝန်ဟာဆိုရင်တော့ ကိုယ့်အားကိုယ်ကိုးပြီး နေထိုင်တဲ့ အသက်အရွယ်ကြီးရင့်သူတွေကို  ကြည့်ရှုကာကွယ်မှုတွေ   ပြုလုပ်ပေးဖို့ဖြစ်ပါတယ်။ သူမကိုတော့ ၂၀၁၅ စက်တင်ဘာလကနေစပြီး အွန်လိုင်းပေါ်မှာ စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပြီး မီဒီယာတေရဲ့အာရုံကိုလည်း ဖမ်းစားနိုင်ခဲ့ပါတယ်။



လူတွေအတော်များများကတော့ သူမဟာ ရဲမေဖြစ်တယ်ဆိုတာကို မယုံကြည်ကြဘဲနဲ့ မော်ဒယ်တစ်ယောက်ဖြစ်တယ်လို့သာ ထင်နေကြပါတယ်။ Yichun ကိုတော့ ရဲမေတစ်ယောက်ဖြစ်လာဖို့အတွက် လုံလောက်တဲ့ ကိုယ်ကာယကြံ့ခိုင်မှုမရှိဘူးလို့လည်း လူတစ်ချို့က ပြောဆိုနေကြပါတယ်။



Yichun ရဲ့ ဓာတ်ပုံတွေမှာတော့ ရဲမေဝတ်စုံနဲ့သာမကပဲ တိုင်ပေတစ်ဝိုက်မှာ မော်ဒယ်တစ်ယောက်လို ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း တွေ့ရပါသေးတယ်။ သူမဟာအခုလို နာမည်ကျော်ကြားလာခဲ့တာကြောင့်လည်း တရုတ်နိုင်ငံရဲ့ Wikipedia လို့တင်စားရတဲ့ zwbk.org မှာလည်း ကိုယ်ပိုင်စာမျက်နှာတစ်ခုကို ရရှိထားတယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment