Powered by Blogger.

Michigan စုံတွဲတစ်တွဲဟာ Walmart ထဲမှာ အချင်းချင်း စနောက်ခဲ့ကြတဲ့အတွက် အဖမ်းခံရ



Michigan ရဲတပ်ဖွဲ့အဆိုအရ သူတို့ဟာ အစအနောက်သန်တဲ့ စုံတွဲတစ်တွဲကို Walmart စတိုးဆိုင်ထဲမှာ အချင်းချင်းစနောက်ခဲ့ကြပြီး အသုံးပြုခဲ့တဲ့ ပစ္စည်းတွေအတွက် ငွေပေးချေဖို့ ငြင်းဆန်ခဲ့ကြတဲ့အတွက် ဖမ်းဆီးခဲ့ရပါသတဲ့။

 “ အသက် ၂၆ နှစ်အရွယ် Samantha Christiansen နဲ့ အသက် ၂၄ နှစ်အရွယ် Derek Gomez ဟာ Ludington အနီးရှိ Walmart စတိုးဆိုင်အတွင်းမှာ နောက်ပြောင်ဆော့ကစားခဲ့ကြပြီး ပါတီပွဲတွေမှာ သုံးလေ့ရှိတဲ့ ပစ္စည်းတွေ ယူဆောင်ဆော့ကစားခဲ့ကြတာပါ ” လို့ Mason County Sheriff's Office မှ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

Milve.com ကို Sheriff Kim Cole က “  သူတို့တွေ တကယ့်ကို ရှုပ်ပွသွားအောင် ဆော့ခဲ့ကြတာဗျ..ဗူးတွေကို ဖွင့်ဖောက်ထားခဲ့ပြီး ပိုက်ဆံပေးမသွားဘူး.. သူတို့ အသက်အရွယ်အရဆိုရင် ဒီကျင့်ဝတ်တွေကို ကောင်းကောင်းသိတတ်သင့်နေပြီ “ လို့ ပြောပြထားပါတယ်။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment