Powered by Blogger.

ကိုယ်လုံးတီးနဲ့ ဆရာမတွေသင်ကြားပေးမယ့် အင်္ဂလိပ်စာသင်တန်း တီဗီအစီအစဉ်



ဘာသာစကားအသစ်တစ်ခုကို သင်ရတာဟာဆိုရင်တော့ ပျင်းစရာကောင်းပြီး ရှည်လျားလွန်းတဲ့ သင်ယူမှုတစ်ခုပါပဲ။ အခုအချိန်မှာတော့ စပိန်နိုင်ငံက ရုပ်သံလိုင်းတစ်ခုဟာ သူတို့ရဲ့ အင်္ဂလိပ်စာသင်တန်း တီဗီအစီအစဉ်တွေကို တစ်မူထူးခြားစွာနဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

သာမန်ဆရာမတွေနဲ့ မတူတဲ့ ညစ်ညမ်း မော်ဒယ်ဆရာမတွေကို ငှားရမ်းပြီး အင်္ဂလိပ်ဘာသာစကားကို သင်တန်းသားဖြစ်သူတွေ အလွယ်တကူမှတ်မိနိုင်အောင် ဒီအစီအစဉ်မှာ ပို့ချပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒီမော်ဒယ်ဆရာမတွေဟာဆိုရင်တော့ တစ်ကိုယ်လုံးမှာ အဝတ်အစားဝတ်ထားမှာ မဟုတ်ဘဲ ကိုယ်လုံးတီးပုံစံနဲ့ပဲ အင်္ဂလိပ်စာသင်ပေးသွားမှာဖြစ်ပါတယ်။


ဒီစပိန်ရုပ်သံလိုင်းဟာဆိုရင်တော့ ညစ်ညမ်းရုပ်သံလိုင်းတစ်ခုဖြစ်ပြီး သူတို့ရဲ့ အခုလိုလုပ်ဆောင်ချက်ကြောင့် ရုပ်သံလိုင်းကို ဖမ်းယူကြည့်ရှုသူဟာဆိုရင် တဖြည်းဖြည်းနဲ့ တိုးတက်လာနိုင်မယ်လို့ မျှော်လင့်လျက်ရှိနေပါတယ်။ အခုလို သင်ကြားပေးတာဟာဆိုရင်တော့ အစဉ်အလာအရ သင်ကြားမှုတွေကနေ ကွဲထွက်ပြီး သင်တန်းသားတွေအတွက် သင်ယူဖို့ ပိုမိုလွယ်ကူလာလိမ့်မယ်လို့ ဒီစပိန်ရုပ်သံလိုင်းက ပြောပါတယ်။



ဒီအစီအစဉ်ကိုတော့ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ခြင်းမရှိသေးဘဲ အမြည်းသဘောအနေနဲ့ ကြေညာခဲ့ရာမှာတော့ ကိုယ်လုံးတီးဆရာမတွေက သင်တန်းသားတွေကို တစ်မူထူးခြားစွာနဲ့ သင်ကြားပေးနေတာကို လူအတော်များများက နှစ်ခြိုက်ခဲ့ကြပါတယ်။


ဒီအစီအစဉ်အတွက် ဝက်ဘ်ဆိုက်အသစ်တစ်ခုကိုလည်း လွှင့်တင်ခဲ့ပြီး သူတို့ရဲ့ အခုလို ရုပ်သံအင်္ဂလိပ်စာသင်တန်းတွေဟာဆိုရင် အင်္ဂလိပ်စာလေ့လာသူ သင်တန်းသားတွေကို တခြားသင်တန်းတွေမှာထက် ပိုပြီး အာရုံစိုက်နိုင်စေမှာဖြစ်တယ်လို့လည်း ဖော်ပြထားခဲ့ပါသေးတယ်။ သူတို့ရဲ့ ဝက်ဘ်ဆိုက်လိပ်စာကတော့ www.dln.la ပဲဖြစ်ပါတယ်။






( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment