Powered by Blogger.

ပြင်သစ် ဘာသာစကားမှာ သရသံ သင်္ကေတ တွေကိုဖယ်ရှားပြီး သတ်ပုံအသစ်တွေ သတ်မှတ်



ပြင်သစ်နိုင်ငံသားတွေဟာ သူတို့ရဲ့  စာပေ ဘာသာစကား မှာ ပြောင်းလဲမှုတွေ ဖြစ်ခဲ့တာကြောင့် ဒေါသထွက်ခဲ့ကြရပါတယ်။ ထို ပြောင်းလဲမှုတွေထဲမှာ အဓိက အရေးပါတဲ့ အရာတစ်ခုကို ဖယ်ရှားလိုက်တာလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ပြင်သစ် အကယ်ဒမီ ကျောင်းဟာ ပြင်သစ် ဘာသာစကား ရဲ့  စကားလုံး ၂၀၀၀ ကျော်ခန့်ကို စာလုံးပေါင်း ရေးသားတာနဲ့ ပတ်သက်ပြီး သတ်ပုံ အသစ်တွေ သတ်မှတ်ပေးခဲ့ပြီး သရသံ သင်္ကေတ တွေကိုလည်း ပြင်သစ်ဘာသာစကား ကနေ ဖယ်ရှားသွားမယ်လို့ သိရပါတယ်။

ထို သတ်ပုံအသစ်တွေဟာ ၁၉၉၀ ခုနှစ်ကတည်းက စတင် သတ်မှတ် သုံးစွဲ ခဲ့ဖူးပြီး အခုအချိန်မှာတော့ ရွေးချယ်စရာ တစ်ခုဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပုံနှိပ်တိုက်တွေအားလုံးက သတ်ပုံ အသစ် သတ်မှတ်ထားမှုတွေကို ကျောင်းသုံး သင်ရိုးတွေထဲမှာ ထည့်သွင်း ပုံနှိပ်ဖော်ပြသွားမယ်လို့ ဆိုထားပါတယ်။

သရသံ သုံးစွဲတော့ခြင်းမရှိတော့တဲ့အတွက် ပြင်သစ်ဘာသာစကားရဲ့  စကားလုံးအချို့ မှာတော့ “-“ လက္ခဏာတွေပျောက်ကွယ်သွားတော့မှာပါ။ ဥပမာအားဖြင့် ပိုက်ဆံအိတ်ကို ပြင်သစ်ဘာသာစကားမှာ အရင်က “Porte-monnaie” လို့ရေးသားခဲ့ရာကနေ အခု “portemonnaie” လို့ ပြောင်းလဲရေးသားကာ သရသံ သင်္ကေတ ကို ဖယ်ရှားလိုက်ခြင်းပဲ ဖြစ်ပါတယ်။

သတင်းတွေမျိုးစုံ ထွက်ပေါ်နေပေမယ့်လည်း ပြင်သစ်နိုင်ငံရဲ့  ပညာရေးဝန်ကြီးကတော့ ပြောင်းလဲမှုတွေဟာ သရသံ သင်္ကေတ ကို လုံးဝ ဖယ်ရှားလိုက်တာမဟုတ်ပဲ သတ်ပုံ အသစ် တွေရော ၊ အဟောင်းတွေကိုပါ မှန်ကန်တဲ့ ပြင်သစ်ဘာသာ စကားတွေ အဖြစ် ဆက်လက် လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။


( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment