Powered by Blogger.

အမျိုးသမီးတွေအတွက် နွေရာသီဖက်ရှင်များ



ရာသီဥတုပူလာပြီဆိုတော့ ဖက်ရှင်ကျကျနဲ့လှပနေစေဖို့ နွေရာသီဖက်ရှင်လေးတွေအကြောင်း ပြောပြပါရစေ။ လွန်ခဲ့တဲ့ ၈၀ နဲ့ ၉၀ ခုနှစ်တွေဆီက ဒီဇိုင်းတွေက ခုထိခေတ်မီနေဆဲပဲမို့ လမ်းမှာလည်း ဒီလိုဖက်ရှင်လေးတွေကို တွေ့နေရဦးမှာဖြစ်ပါတယ်။

ဂျင်းဘောင်းဘီ၊ စကတ်တိုလေးတွေနဲ့ တစ်ဆက်တည်းဝတ်စုံလေးတွေ

သက်တောင့်သက်သာလည်းရှိ နွေရာသီနဲ့လည်း အဆင်ပြေသင့်တော်တဲ့ ဂျင်းဖက်ရှင်က ရိုးရိုးတီရှပ်အပွလေးတစ်ထည်၊ လက်ကောက်ရောင်စုံလေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် အလန်းဆုံးဖြစ်သွားမှာပေါ့။

ဦးထုပ်အ၀ိုင်းလေးတွေ


နွေရာသီဆိုတော့ ဦးထုပ်လေးတွေကလည်း အရေးပါလာတာပေါ့။ ပေါ့ပေါ့ပါးပါး ဦးထုပ်အ၀ိုင်းလေးတွေကလည်း ခေတ်စားနေတဲ့ နွေရာသီဖက်ရှင်ပါပဲ။ ဘယ်ဝတ်စုံမျိုးနဲ့မဆို လိုက်ဖက်တဲ့အပြင် နွေရာသီရဲ့အပူဒဏ်ကိုလည်း အကာအကွယ်ပေးနိုင်ပါတယ်။

 




စကတ်မတိုမရှည်
စကတ်တိုတိုလေးတွေထက် ဒူးအတိ၊ဒူးဖုံးစကတ်လေးတွေက လွတ်လွတ်လပ်လပ်ရှိစေတဲ့အပြင် ခြေထောက်လှလှလေးတွေကိုလည်း ဖုံးကွယ်မသွားစေပါဘူး။ အပေါ်က ချစ်စရာအင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် လူတိုင်းငေးရပြီပေါ့။

ခြေညှပ်ဖိနပ်ပါးလေးတွေ

နောက်ထပ်နွေရာသီဖက်ရှင်ကတော့ ခြေညှပ်ဖိနပ်ပါးလေးတွေပဲ ဖြစ်ပါတယ်။ ဂျင်းနဲ့ပဲဖြစ်ဖြစ်၊ စကတ်နဲ့ပဲဖြစ်ဖြစ် လိုက်ဖက်တဲ့ ဒီဇိုင်းဆန်းဆန်းခြေညှပ်ဖိနပ်လေးတစ်ရံလည်း ဆောင်ထားသင့်တယ်နော်။

 


ဘောင်းဘီပွပွတွေ

ဘောင်းဘီပွပွလေးတွေ ဘယ်လို ခန္ဓာကိုယ်အချိုးအစားမျိုးနဲ့မဆို လိုက်ဖက်တဲ့ ဒီဇိုင်းပါပဲ။ အဆင်ဒီဇိုင်းဆန်းဆန်း အင်္ကျီလေးနဲ့ ဘောင်းဘီပွပွလေးနဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင်လည်း ဒီနှစ်နွေရာသီအတွက် ဖက်ရှင်တစ်မျိုးပေါ့။

ဆံပင်အလှဆင်ပစ္စည်းလေးတွေ


နွေရာသီမှာ ဆံပင်နဲ့ပတ်သက်တဲ့ အလှဆင်ပစ္စည်းလေးတွေကလည်း အရေးပါလာပါတယ်။ သတ္တုနဲ့ ချည်ကြိုးလေးတွေ တွဲဖက်ဖန်တီးထားတဲ့ Accessory လေးတွေကလည်း ချစ်စရာနွေရာသီဖက်ရှင်ပဲ ဖြစ်ပါတယ်။

 

 အရောင်တောက်ပတဲ့ ဂါဝန်ရှည်တွေ

ပန်းပွင့်အဆင်ဒီဇိုင်း စုံလင်တဲ့ ဂါဝန်ရှည်တွေဟာလည်း နွေရာသီနဲ့ လိုက်ဖက်တဲ့ ၀တ်စုံတွေပဲဖြစ်ပါတယ်။ အရောင်အသွေးတောက်ပတဲ့  တစ်ရောင်တည်း ဂါဝန်ရှည်တွေဟာလည်း ခေတ်စာလာတဲ့ နွေရာသီဖက်ရှင်ပါပဲ။


( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : mybeautybunny


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment