Powered by Blogger.

ဗိုက်မထွက်စေမယ့် ဘီယာကို စတင်ထုတ်လုပ်


ဘီယာသောက်ရတာကို ကြိုက်နှစ်သက်ပေမယ့်လည်း ပုံမကျပန်းမကျ ဘီယာဗိုက်ထွက်မှာကို စိုးရိမ်နေတဲ့သူတွေအတွက်တော့ ဗိုက်မထွက်စေမယ့် ဘီယာတစ်မျိုးကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ပရိုတိန်းဓာတ်တွေ ကြွယ်ကြွယ်ဝဝပါဝင်တဲ့ ဒီဘီယာဟာဆိုရင်တော့ သင့်ကို ဗိုက်မထွက်စေဖို့ အာမခံတယ်လို့ သိရပါတယ်။

ဘီယာတစ်ခွက်မှာ ပရိုတိန်းဓာတ် ၂၁.၈ ဂရမ်အထိ ပါဝင်ပြီး အမဲသားတစ်တုံးမှာပါဝင်တဲ့ ပရိုတိန်းဓာတ်နဲ့ ညီမျှတယ်လို့ သိရပါတယ်။ Barbell Brew လို့အမည်ရတဲ့ ဒီဘီယာဟာဆိုရင်တော့ ကယ်လိုရီအရေအတွက်အနေနဲ့ ၉၂.၄ ကယ်လိုရီသာပါဝင်ပေမယ့်လည်း ကယ်လိုရီ ၁၀၀ လောက်ထိ ပါဝင်တယ်လို့ ထင်ရအောင်ကို အရသာကို စီမံထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံသားတွေဟာဆိုရင်တော့ ဘီယာတစ်ခါသောက်ပြီးတိုင်း ပရိုတိန်းဓာတ်မျှတစေဖို့အတွက် GYM မှာ  လေ့ကျင့်ခန်းပြန်ကစားရလေ့ရှိတယ်လို့ သိရပါတယ်။ အရင်တုန်းကတော့ ဗိုက်ထွက်စေတဲ့ gluten ဓာတ် မပါဝင်တဲ့ ဘီယာကို မိတ်ဆက်ခဲ့ပြီး အောင်မြင်မှုရဖို့အတွက် အချိန်ယူခဲ့ရပါတယ်။

အခုဒီဘီယာကတော့ gluten ဓာတ်ကိုလည်း လျှော့ချပေးထားမှာဖြစ်ပြီး ပရိုတိန်းပမာဏပိုများပြားလာတာဟာဆိုရင်တော့ အားကစားလုပ်သူတွေအတွက်ဆိုရင်တော့ မာကျောတဲ့ ဗိုက်ကြွက်သားတွေထွက်ပေါ်လာဖို့ ပိုပြီး အထောက်အကူပြုမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျန်းမာတဲ့ဘဝနေထိုင်မှုတစ်ခုနဲ့ နေထိုင်ဖို့ဆိုတာကတော့ ခက်ခဲနိုင်ပါတယ်။ ဥပမာ သင့်သူငယ်ချင်းတွေနဲ့ ဘီယာသောက်ရတဲ့ အခါမျိုးမှာပေါ့။ အခုကျွန်တော်တို့ ထုတ်လုပ်လိုက်တဲ့ ဘီယာကတော့ ကျန်းမာတဲ့ဘဝကို ဖျက်ဆီးပစ်တော့မှာ မဟုတ်ဘူး” လို့ ဘီယာ ထုတ်လုပ်သူ Darren Bale က ပြောပါတယ်။

ဒီဘီယာမှာဆိုရင်တော့ သာမန်ဘီယာတွေထက် ကာဘွန်ဟိုက်ဒရိတ်ဓာတ် ၈၅ ရာနှုန်းလျော့နည်းသွားမှာ ဖြစ်သလို ၊ ကယ်လိုရီအရေအတွက်လည်း ၃၃ ရာနှုန်းထိ လျော့နည်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဘီယာရဲ့ ဆောင်ပုဒ်ကတော့ “ဗိုက်မှာ six-pack ထွက်လာမယ့် ဘီယာ” လို့လည်း သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment