Powered by Blogger.

Victoria’s Secret အရောင်းဆိုင်မှ အတွင်းခံအထည် ၁၀၀၀ ကျော် ခိုးယူခဲ့သူ ထောင်ကျ



ကမ္ဘာကျော် အတွင်းခံ ထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်တဲ့ Victoria’s Secret ရဲ့  အရောင်းဆိုင်ကနေ အတွင်းခံတွေ ခိုးယူသွားခဲ့သူဟာ ထောင်ဒဏ် ကျခံခဲ့ရပြီဖြစ်ပါတယ်။

ထိုဆိုင်ရဲ့  သန့်ရှင်းရေး လုပ်သား တစ်ဦးဖြစ်တဲ့ Pablo Munoz ဟာ Victoria’s Secret ရဲ့  အရောင်းဆိုင်မှာ ရှိတဲ့ အ၀တ်လဲခန်းထဲမှာ ၀ယ်ယူသူတွေ ၀တ်ကြည့်ပြီး စိတ်တိုင်းမကျလို့ ဖယ်ထားခဲ့တဲ့ ခြင်းတောင်းထဲက အတွင်းခံ ပေါင်း ၁၀၀၀ ကျော် ကို သူ့ရဲ့  အ၀တ်အစားတွေအောက်မှာ ၀တ်ဆင်ပြီး အကြိမ်ကြိမ် ခိုးယူသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၄၇ နှစ်အရွယ် Pablo Munoz ဟာ လန်ဒန်မြို့  အနောက်ပိုင်းမှာရှိတဲ့ နယူးဘွန်းလမ်းထဲက Victoria’s Secret အရောင်းဆိုင်ကနေ စတာလင်ပေါင် တစ်သောင်း ရှစ်ထောင် တန်ကြေးရှိတဲ့ အတွင်းခံ တွေခိုးယူမှု နဲ့ ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရပါတယ်။

Munoz ဟာ နောက်ဆုံးအကြိမ် အတွင်းခံတွေ ခိုးယူအပြီး ဆိုင်ထဲကအထွက်မှာတင် မန်နေဂျာက သူ့ရဲ့  ဘောင်းဘီ ထဲက တစ်ခုခု ထွက်နေတာကို မြင်လိုက်တဲ့အတွက် စစ်ဆေးရာမှာ သူဟာ အ၀တ်အစားတွေအောက်မှာ အမျိုးသမီးဝတ် အတွင်းခံတွေကို အထပ်ထပ် ၀တ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရဲ တပ်ဖွဲ့ဝင်တွေဟာ Munoz ရဲ့  အိမ်ကို သွားရောက်စစ်ဆေးခဲ့ရာမှာ Victoria’s Secret ဆိုင်ကနေ ခိုးယူထားတဲ့ အတွင်းခံ စုစုပေါင်း ၁၀၀၀ ကျော်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Munoz ဟာ ပြစ်ဒဏ်အဖြစ် နာရီပေါင်း ၂၅၀ တိတိ လုပ်အားခ မရပဲ လုပ်ဆောင်စေဖို့ လည်း တရားရုံးရဲ့  ညွှန်ကြားခြင်းခံခဲ့ရပါတယ်။


( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment