Powered by Blogger.

ISIS ကလေးတပ်ဖွဲ့ဝင်တစ်ယောက်က သူလျှိုလို့စွပ်စွဲခံထားရတဲ့သူတွေကို ဗုံးခွဲကွပ်မျက်



“ဂျီဟာ့ဒ်ဂျူနီယာ” လို့ တင်စားထားတဲ့ လေးနှစ်သားအရွယ် ဗြိတိန်ဖွား ISIS ကလေးတပ်ဖွဲ့ဝင်လေးဟာဆိုရင်တော့ သူလျှိုလို့ စွပ်စွဲခံထားရတဲ့ ISIS တပ်ဖွဲ့ဝင်လေးယောက်ကို ကားဗုံးခွဲပြီး ကွပ်မျက်ခဲ့တယ်လို့ သိရပါတယ်။ ဒီဗီဒီယိုထဲကိုတော့  ISIS တပ်ဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ ဗီဒီယိုထဲမှာတော့ သူလျှိုလို့ ယူဆရတဲ့ ISIS တပ်ဖွဲ့ဝင်လေးယောက်ဟာ ဗုံးထောင်ထားတဲ့ အဖြူရောင်ကားတစ်စီးထဲမှာ ချုပ်နှောင်ခံထားရပြီး ဒီတပ်ဖွဲ့ဝင်ကလေးငယ်က ဗုံးခလုပ်ကို နှိပ်ပြီး ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။

ကားဗုံးပေါက်ကွဲသွားပြီးတဲ့နောက်မှာတော့ မီးစွဲလောင်တွေနဲ့ ကားအကြွင်းအကျန်တွေအနားကို သွားရောက်ပြီး ‘Allahu Akbar’ လို့ ဒီကလေးငယ်က ပျော်ရွှင်စွာအော်ဟစ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီကလေးငယ်ဟာဆိုရင်တော့ ပြီးခဲ့တဲ့သုံးနှစ်လောက်တည်းက မိခင်နဲ့အတူ ဆီးရီးယားမှာ ISIS အဖွဲ့နဲ့အတူ သွားရောက်ပူးပေါင်းခဲ့ပြီး ISIS အဖွဲ့ရဲ့ အသိသာဏ်ရိုက်သွင်းမှုကိုခံထားရတဲ့ ကလေးဖြစ်ပါတယ်။


ဒီကလေးငယ်တပ်ဖွဲ့ဝင်ကိုတော့ ISIS တွေရဲ့ ဗီဒီယိုထဲမှာတွေ့မြင်ရတာဟာ နှစ်ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဝါဒဖြန့်ဗီဒီယိုတစ်ခုမှာလည်း ပါဝင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒီကလေးငယ်ရဲ့ အဖိုးဖြစ်သူဟာဆိုရင်တော့ သူ့ရဲ့မြေးငယ်လေး ဒီလိုဖြစ်သွားရတဲ့ အကြောင်းကိုပြောပြထားခဲ့တဲ့ ဗီဒီယိုတစ်ခုလည်း ပြီးခဲ့တဲ့အပတ်က ထွက်ပေါ်ခဲ့ပါတယ်။

အခုဗီဒီယိုထဲမှာတော့ မျက်နှာဖုံးထားတဲ့ ISIS တပ်ဖွဲ့ဝင်တစ်ယောက်ကတော့ သူလျှိုတွေကိုတော့ အခုလိုပဲဆက်လက် ကွပ်မျက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူလျှိုတွေစေလွှတ်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကိုလည်း “အနောက်နိုင်ငံမှာ ရှိတဲ့ ISIS တွေကို မင်းတို့က သတ်ခဲ့တယ်။ ဒီတော့ ငါတို့ကလည်း မင်းတို့လူတွေကို ပြန်သတ်ရမယ် ” လို့ ထပ်မံခြိမ်းခြောက်ခဲ့ပါတယ်။



ဒီဗီဒီယိုထဲက ကလေးငယ်ရဲ့ မိခင်ကတော့ ဆီးရီးယားနိုင်ငံမှာ လက်ရှိနေထိုင်လျက်ရှိနေပြီးတော့ သူမရဲ့ကလေးငယ်ကိုတော့ အခုလို ISIS တပ်ဖွဲ့ဝင်တစ်ယောက်အဖြစ် သွပ်သွင်းထားခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာဆိုရင်တော့ သုံးနှစ်သားတည်းက AK-47 ကိုင်တတ်နေတဲ့ ဒီကလေးငယ်ရဲ့ ဓာတ်ပုံကိုလည်း တွစ်တာပေါ်မှာတင်ထားခဲ့ဖူးပါတယ်။





( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment