Powered by Blogger.

“ Forest School “ မှာ ရှင်သန်ရုန်းကန်နိုင်ရေး ပညာတွေကို တတ်မြောက်ခဲ့တဲ့ မိဘမဲ့ မျောက်လွှဲကျော်လေးများ



အင်ဒိုနီးရှားမှာရှိတဲ့ တောရိုင်းတိရိစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့က မိခင်မရှိတော့တဲ့ မျောက်လွှဲကျော်ကလေးတွေကို တောတွင်းမှာဘယ်လို ကိုယ့်ကိုကိုယ်ဘယ်လို ဂရုစိုက်ပြီး ရှင်သန်နေထိုင်နိုင်ဖို့ ကျောင်းတစ်ကျောင်းပုံစံဖွင့်လှစ်ပြီး သင်ကြားပြသပေးခဲ့ကြပါသတဲ့။

နိုင်ငံတကာ တောရိုင်းတိရိစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေး အဖွဲ့က မိခင်တွေဆီက သင်ယူရမယ့် အသက်ရှင်နေထိုင်ရေး စွမ်းရည်တွေကို သင်ကြားပေးဖို့အတွက် မိဘမဲ့မျောက်ကလေးတွေကို သင်ကြားပြသပေးနေပုံတွေကို Facebook စာမျက်နှာမှာ ဗီဒီယို ဖော်ပြထားခဲ့ပါတယ်။

 “ မျောက်ကလေးတွေ ဒီကိုရောက်လာတဲ့အချိန်မှာ သူတို့အတွက် တကယ့်သဘာဝပတ်ဝန်းနဲ့ တူညီတဲ့နေရာမှာ သင်ကြားစေနိုင်ဖို့အတွက် ကျွန်မတို့အတတ်နိုင်ဆုံး ကြိုးစားပြီး ဒီလို “ တောတွင်းကျောင်း” လေးဖြစ်ဖို့ ဖန်တီးတည်ဆောက်ပေးခဲ့ကြတာပါ “ လို့ Project Director Karmele Llano Sanchez က ဗီဒီယိုမှာ ပြောကြားသွားပါတယ်။

ပြီးတော့ မျောက်ကလေးပေါင်း ၁၀၂ ကောင် ထိန်းသိမ်းစောင့်ရှောက်ပေးထားပြီး တောတွင်းကို ပြန်လည်သွားရောက် နေထိုင်နိုင်ဖို့အတွက် လေ့ကျင့်ပေးသွားဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။




( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment