Powered by Blogger.

ဗယ်လင်တိုင်းဒေး အတွက် ကမ္ဘာ့ဈေးအကြီးဆုံး နှင်းဆီပန်းတွေကို စတင်ရောင်းချ


ကမ္ဘာအကြီးဆုံး နှင်းဆီပန်းတွေဟာ မကြာခင်ရောက်လာတော့မယ့် ချစ်သူများနေ့ ၊ ဗယ်လင်တိုင်းဒေးမှာ စတင်ရောင်းချတော့မှာပါ။

ဒါပေမယ့်လည်း ဒီနှင်းဆီ ပန်းတွေ ၀ယ်ယူဖို့အတွက်တော့ ဘဏ်အကောင့်ထဲမှာ ငွေအလုံအလောက်ရှိနေမှ ဖြစ်မှာပါ။

ဘာကြောင့်လဲဆိုတော့ ထိုနှင်းဆီပန်းတွေဟာ ၅ ပေခန့်ရှည်လျားပြီး တန်ဖိုးအားဖြင့်လည်း စတာလင်ပေါင် ၉၀၀၀ ခန့် တန်ဖိုးရှိတယ်လို့ သိရပါတယ်။ စတာလင်ပေါင် ၉၀၀၀ ဆိုတာဟာ ဗြိတိန်နိုင်ငံမှာတော့ မာစီဒီး အမျိုးအစား နောက်ဆုံးပေါ်ကား SL 500 အဟောင်းတစ်စီးကို ၀ယ်ယူလို့ရနေပါတယ်။



စတာလင်ပေါင် ၉၀၀၀ တန် ပန်းစည်းကတော့ ပန်းပွင့် ၁ ထောင်ပါဝင်ပါတယ်။ အကယ်၍ ဒါ့ထက်သက်သာတာလိုချင်တယ်ဆိုရင် ပန်းပွင့် ၁၅၀ အတွက် စတာလင်ပေါင် ၂၀၀၀ ၊ ပန်းပွင့် ၅၀ အတွက်ကတော့ စတာလင်ပေါင် ၇၅၀ ၊ ၂၄ ပွင့်အတွက်ဆိုရင်တော့ စတာလင်ပေါင် ၅၀၀ ခန့်သာ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုအနီရောင်နှင်းဆီတွေဟာ အီကွေဒေါနိုင်ငံအတွင်းက မာချာချီမြို့ ငယ်လေးအနားမှာရှိတဲ့ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၈၀၀ ခန့်မှာ ရှင်သန်ပေါက်ရောက်ခဲ့တဲ့ ပန်းတွေဖြစ်တာကြောင့် အခုလို ကမ္ဘာ့ဈေးအကြီးဆုံး နှင်းဆီပန်း တွေ ဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။

ဒီနှင်းဆီပန်းတွေကို ခူးယူရောင်းချနေတဲ့ Arena Flowers ဆိုတဲ့ ကုမ္မဏီကတော့ ဒီနှင်းဆီပန်းတွေဟာ ကမ္ဘာပေါ်မှာ အရှည်လျားဆုံး နှင်းဆီပန်းတွေပဲဖြစ်တယ်လို့ အခိုင်အမာဆိုထားပါတယ်။

ဒါ့အပြင် ထိုနှင်းဆီပန်းတွေဟာ ရှားပါးမျိုးစိတ်ဖြစ်တဲ့အလျောက် အခြားနှင်းဆီပန်းတွေထက် ရှင်သန်ကြီးထွားလာနှုန်းနှေးပြီး ရှင်သန်လာတဲ့အခါမှာလည်း ပွင့်ဖတ် ၊ နှင်းဆီဖူး တို့ရဲ့ အရည်အသွေးဟာ အခြားနှင်းဆီတွေထက်ပိုမိုလှပပြီး ဆွဲဆောင်မှုရှိနေတယ်လို့လည်း ကုမ္မဏီက ဆိုထားပါသေးတယ်။


( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment