Powered by Blogger.

စာသင်ကျောင်းတစ်ကျောင်း ထဲ ကျားသစ်တစ်ကောင် ၀င်ရောက်တိုက်ခိုက် ၊ လူ ၄ ယောက်ဒဏ်ရာရ



လုံခြုံရေး ကင်မရာက တဆင့် ရိုက်ကူးထားတဲ့ ဒီကြောက်မက်ဖွယ် ဗီဒီယိုဟာ ဒေါသထွက်နေတဲ့ ကျားသစ် တစ်ယောက်ဟာ ကျောင်းတစ်ကျောင်းထဲ အမှတ်မထင်ရောက်ရှိလာပြီး အမျိုးသား တစ်ယောက်ကို ရန်မူနေတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။

ထိုကျားသစ်ဟာ ကျောင်းရေကူးကန် နားမှာ ရှိတဲ့ လူပေါင်းများစွာကိုလည်း တိုက်ခိုက်ခဲ့ပြီး ဖြစ်ပါတယ်။ ကျားသစ်ဟာ အမျိုးသားတစ်ယောက်ရဲ့  ကျောပေါ်ကို ခုန်တက်ပြီး လက်မောင်းတွေကို ကိုက်နေတာကို ဗီဒီယို ထဲမှာ တွေ့ရပါတယ်။

အမှန်တစ်ကယ်ကတော့ ထိုအမျိုးသား ဟာ ကျားသစ်ကို ရင်ဆိုင်ပြီး မောင်းထုတ် ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် မအောင်မြင်ခဲ့ပဲ ကျောင်း ရဲ့  စင်္ကြန်လျှောက်လမ်း တစ်လျှောက်သွားလာနေတဲ့ ထိုကျားသစ်ရဲ့  ပုံကိုလည်း လုံခြုံရေး ကင်မရာ မှာ ရိုက်ကူးထားနိုင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ အိန္ဒိယ နိုင်ငံ ၊ ဘန်ဂလော မြို့ မှာရှိတဲ့ Vibgyor ဆိုတဲ့ စာသင်ကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။ ထိုကျောင်းထဲမှာ ရှိနေတဲ့ လူ ၄ ယောက်ဟာ ကျားသစ်တိုက်ခိုက်မှု ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး နောက်ဆုံးမှာတော့ သစ်တောရေးရာ တာဝန်ရှိသူတွေက ကျားသစ်ကို ပြန်လည် ဖမ်းဆီး ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။

ထိုကျားသစ်ကိုတော့ Bannerghatta အမျိုးသားပန်းခြံထဲက ဘေးမဲ့ နေရာ တစ်ခုကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ နိုင်ငံ ဘန်ဂလောမြို့  မှာတော့ ၂၀၁၂ ခုနှစ်ခန့်ကစပြီး ကျားသစ်တွေ မျိုးသုန်းပျောက်ကွယ်နေခဲ့ရာကနေ အခုတစ်ကြိမ်မှာ ပြန်လည် တွေ့မြင်ခဲ့ရခြင်းဖြစ်တယ်လို့ ဒေသခံတွေရဲ့  ပြောကြားချက်အရ သိရပါတယ်။


( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment