Powered by Blogger.

ဒစ္စနေဇာတ်ကောင်တွေနဲ့တူအောင် ဒေါ်လာ ၁၄၀၀၀ လောက်အသုံးပြုခဲ့တဲ့ အမျိုးသမီး



အမေရိကန်နိုင်ငံက Sarah Ingle လို့အမည်ရတဲ့ အမျိုးသီးကတော့ သူအရူးအမူးကြိုက်ရတဲ့ ဒစ္စနေကာတွန်းဇာတ်ကောင်တွေနဲ့ အပြင်ပန်းမှာ တကယ်တူအောင် ငွေကြေးတွေ အကုန်အကျခံပြီး ပြင်ဆင်ခဲ့ပါတယ်။ သူမဟာဆိုရင်တော့ Freozen ဇာတ်ကားထဲက Elsa မင်းသမီး ၊ စင်ဒရဲလားဇာတ်ကောင် ၊ စနှိုးဝှိက်နဲ့ Little Mermaid ထဲက Ariel စတဲ့ဇာတ်ကောင်တွေနဲ့ ပုံပန်းသဏ္ဍာန် တူညီအောင် ပြုလုပ်ခဲ့တာပါ။

ဒီလိုဇာတ်ကောင်တွေဖြစ်အောင် ပြုလုပ်ဖို့အတွက် Sarah Ingle ဟာ ဒေါ်လာ ၁၄၀၀၀ လောက်အသုံးပြုခဲ့ပြီး ဇာတ်ကောင်ဝတ်စုံတွေ ၊ ဆံပင်အတုတွေကို ဝယ်ယူခဲ့ရတယ်လို့ သိရပါတယ်။ Ingle မှာတော့ ဇာတ်ကောင်ဝတ်စုံ ၁၇ စုံရှိပြီး ဆံပင်အတု ၁၆ ခုရှိပြီး မျက်ကပ်မှန်တွေ ၊ မိတ်ကပ်တွေကိုလည်း ဝယ်ယူပြီး တစ်ထေရာတည်းတူအောင်လို့ ဖန်တီးခဲ့ရတယ်လို့ သိရပါတယ်။

Marketing Manager အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ Sarah ဟာဆိုရင် ရုံးအားလပ်ရက်တွေမှာ ဒစ္စနေဇာတ်ကောင်တွေလို ပြင်ဆင်ခြယ်သပြီး ကလေးများစွာစုဝေးတဲ့ ပါတီပွဲတွေနဲ့ တခြား လူများတဲ့ ပွဲတွေမှာ သွားရောက် အားဖြည့်ပါဝင်ပေးတယ်လို့ သိရပါတယ်။


“ ကျွန်မအနေနဲ့ ဝတ်စုံတစ်စုံဝတ်နိုင်ဖို့အတွက် အချိန်တော်တော်ပေးရတယ်။ သူက ဖဲအထပ်ထပ်နဲ့ ချုပ်ထားတာဖြစ်တာကြောင့် တစ်ထပ်ချင်းစီကို ဂရုတစ်စိုက်ဝတ်ရတယ်။ ပြီးတော့ မိတ်ကပ်ကိုလည်း ကာတွန်းဇာတ်ကောင်တစ်ခုချင်းအလိုက် လိမ်းခြယ်ရတယ်။ ဆံပင်ဆိုရင်လည်း အတုတွေအများကြီး စွပ်ရတယ်။ ကျွန်မ Sleeping Beauty ထဲက Aurora လို လိမ်းခြယ်မယ်ဆိုရင်တော့ ကျွန်မမျက်နှာရှည်ရှည်ကို ဝိုင်းသွားအောင် မနည်းလုပ်ယူရတယ် ” လို့ Sarah Ingle က ပြောပြပါတယ်။

Frozen ထဲက Elsa လို မျက်လုံးရဖို့အတွက်လည်း နီညိုရောင် မျက်လုံးရှိတဲ့ Sarah Ingle ဟာ အပြာရောင် မျက်ကပ်မှန်ကိုလည်း တပ်ရတယ်လို့ ပြောပါတယ်။ Sarah Ingle ဟာ Beauty And The Beast ထဲက ဇာတ်ကောင်မင်းသမီး Belle , စင်ဒရဲလား , Sleeping Beauty ထဲက Aurora , the Little Mermaid, Rapunzel ထဲက Ariel , Brave ဇာတ်ကားထဲက မင်းသမီး Merida , စနှိုးဝှိက်နဲ့ Frozen ဇာတ်ကားထဲက Elsa နဲ့ Anna တို့လို ဒစ္စနေဇာတ်ကောင်မင်းသမီးပုံစံတွေကို ဝတ်ဆင် ပြင်ဆင်ခဲ့ဖူးပြီဖြစ်တယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment