Powered by Blogger.

အမေရိကန်နိုင်ငံမှာ အတွင်းခံခိုးတဲ့သူခိုးကို ဖမ်းဆီး



ရဲတွေရဲ့ပြောကြားအချက်အရ  အမေရိကန်နိုင်ငံ ပို့တ်လန်းဒေသမှာ နေထိုင်သူ အမျိုးသားတစ်ယောက်ဟာ သူ့အိမ်နီးနားချင်းအိမ်ကို ခိုးဝင်ကာ အမျိုးသမီး အတွင်းခံတွေ ခိုးယူဖို့ ကြိုးစားခဲ့တာကြောင့် အဖမ်းခံခဲ့ရပါသတဲ့။

ရဲတွေက သူတို့တွေ ခေါင်မိုးပေါ်မှာ လူတစ်ယောက်ရဲ့ဂျာကင်ထဲက အမျိုးသမီးအတွင်းခံနှစ်စုံ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းနှစ်ခု နဲ့ ဓားတစ်လက်ကို လက်ဝယ်တွေ့ရှိပြီး ဖမ်းဆီးရရှိခဲ့တာ ဖြစ်ပါတယ်။

Owatch လို့အမည်ရတဲ့ ဒီသူခိုးဟာ အိမ်ထဲမှာရှိတဲ့ အခြောက်ခံစက်ထဲက အဲဒါတွေကို ယူလာခဲ့တာဖြစ်ပြီး၊ သူ့မှာ အမျိုးသမီးအတွင်းခံတွေနဲ့ ပတ်သက်ပြီး စိတ်စွဲလမ်းမှုရှိနေကာ ခုအခြေအနေ ပိုဆိုးလာတယ် လို့ ရဲတွေကို ပြောပြခဲ့ပါသတဲ့။

သူကို ဖောက်ထွင်းမှုနဲ့ အရေးယူခဲ့ပြီး ဒဏ်ငွေလည်းဆောင်ရဦးမှာပါ။



( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#Knowledge.thithtoolwin.com

Ref : Huffingtonpost
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment