UK Mall တွင် မာရီယိုလှည်းတွေနဲ့ ဗီဒီယိုဂိမ်း ပုံစံ ဖန်တီးပြသ
UK မှ base jumpers အဖွဲ့တစ်ဖွဲ့ဟာ Nintendo ဗီဒီယိုဂိမ်းဖြစ်တဲ့ Mario လှည်းတွေ ကို ဈေးဝယ်စင်တာမှာ ပြန်လည်သရုပ်ပြခဲ့ကြပါတယ်။
Base37 rode mini go-carts လို့ အမည်ရတဲ့ ဒီအဖွဲ့က ဂိမ်းထဲမှ ဇာတ်ကောင်များဖြစ်တဲ့ Mario, Luigi, Wario, Princess Peach, Donkey Kong, Bowser နဲ့ Yoshi တို့လိုဝတ်ဆင်ပြီး ဈေးဝယ်စင်တာတစ်လျှောက် သရုပ်ပြခဲ့ကြတာပါ။
သူတို့အဖွဲ့က Facebook မှာ “ ကျွန်တော်တို့ Mario Kart ဇာတ်ကောင်တွေအတိုင်း ၀တ်ဆင်ပြီး Westfield Shopping စင်တာထဲမှာ ပြိုင်ပွဲတွေလုပ်ခဲ့ကြတာလေ “ လို့ ရေးသားဖော်ပြထားပါတယ်။
အဖွဲ့က သူတို့ ဓါတ်လှေကားပေါ်မတက်ခင်အထိ လက်ပြနှုတ်ဆက်ခဲ့ကြပြီး သူတို့တွေ ကားပါကင်ကို သွားခဲ့ကြပါတယ်။
( Michelle )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : UPI
0 comments:
Post a Comment