Powered by Blogger.

အန္တာတိတ်ရေခဲပြင်အောက်မှာ ရှေးဟောင်းငါးတွေရှိနေ




အန္တာတိတ်ရေခဲပြင်အောက် ၂ မိုင်ခွဲလောက်မှာ နှစ်ပေါင်း ၁၅ သန်းလောက် မြှုပ်နေတဲ့ ရေကန်ကြီးတခုထဲမှာ ငါးတွေ အပါအ၀င် ရှေးဟောင်း သက်ရှိ သတ္တ၀ါတွေ ထောင်ပေါင်းများစွာ ရှိနေနိုင်တယ်လို့ အမေရိကန် သိပ္ပံပညာရှင်များရဲ့ အဖွဲ့တခုက ပြောလိုက်ပါတယ်။

Vostok လို့ခေါ်တဲ့ ရေချိုကန်ကြီးဟာ ကမ္ဘာ့စတုတ္ထအနက်ဆုံး ကန်ကြီးဖြစ်ပြီး အရှည်အားဖြင့် ၁၅၅ မိုင် ရှိပြီး အကျယ်အ၀န်းအားဖြင့်တော့ မိုင် ၅၀ ရှိပါတယ်။ အိုဟိုင်းအိုး ပြည်နယ် Bowling Green တက္ကသိုလ်က သုတေသီတွေဟာ ၂၀၁၂ ခုနှစ်တုန်းက ရုရှား သိပ္ပံပညာရှင်တွေ ယူလာခဲ့တဲ့ ဒီကန်ကြီးထဲက ရေနမူနာတွေကို လေ့လာ စမ်းစစ်နေကြတာ ဖြစ်ပါတယ်။

အွန်လိုင်းမဂ္ဂဇင်း PLOS One က ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်မှာတော့ ဒီကန်ကြီးထဲက DNA မျိုးကွဲပေါင်း သုံးထောင့်ငါးရာကျော်ကို သုတေသီတွေက ဖော်ထုတ်ခဲ့ကြပြီး အတော်များများဟာ ဘက်တီးရီးယား အမျိုးအစား တမျိုးမဟုတ်တမျိုးနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
ဒီငါးတွေဟာဆိုရင်တော့ သားစားအစွယ်တွေလည်းပါဝင်နိုင်ပြီး ရေခဲခေတ်ကလို ကြောက်စရာကောင်းတဲ့ ရှေးဟောင်းငါးတွေလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Foxnews


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment