Powered by Blogger.

ကောင်မလေး အယောက်၄၀၀ နဲ့အိပ်ခဲ့ပေမဲ့ လိင်ကိစ္စငြီးငွေ့သွားပြီဆိုတဲ့ Twitter ဆယ်လီ



Twitter profile ကျေးဇူးကြောင့် ကောင်မလေး အယောက် ၄၀၀ ကျော်နဲ့ အိပ်ခဲ့ရတဲ့ Twitter ဆယ်လီတစ်ယောက်ရှိပါတယ်။ သူဟာ ခုတော့ လိင်ကိစ္စကို ငြီးငွေ့သွားပြီဖြစ်တာကြောင့် သူ့အောင်မြင်မှုတွေက သူ့ဘဝကို ဖျက်စီးခဲ့ပြီလို့ သူကပြောပါတယ်။

အသက် ၂၂နှစ်ရှိပြီဖြစ်တဲ့ Benny James ဆိုသူဟာ သူ့ရဲ့ အင်တာနက် follower တွေအတွက် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိတဲ့ update တွေ မရပ်မနားတင်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ အကျိုးရလဒ်အနေနဲ့ သူနဲ့တွဲရဖို့အတွက်ကို အသည်းအသန်ဖြစ်နေတဲ့ ကောင်မလေးတွေရဲ့ selfie တွေအများကြီး ပြည့်နှက်ခဲ့ပါတော့တယ်။

သူ့ဟာ လိင်ကိစ္စမှာ အရမ်းတက်ကြွတဲ့သူဖြစ်ပေမဲ့ ခုတော့ သူ့လို ဆော်ကြည်တဲ့ အွန်လိုင်းဆယ်လီတစ်ယောက်ဟာ ချိန်းတွေ့ရတာကို ငြီးငွေ့လာပြီလို့ ဆိုပါတယ်။ ဒီလိုလျှောက်တွဲနေတာဟာ ရေရှည်လက်တွဲဖော်ရှာဖို့ရာ မတတ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

ကောင်မလေးအများစုဟာ လိင်ကိစ္စအတွက်ကိုပဲ သူ့ကိုလိုချင်ကြတာဖြစ်ကြောင်း သူကလည်း တစ်ယောက်နဲ့အတူအိပ်ပြီးရင် နောက်တစ်ယောက်နဲ့ဆို အိပ်ရာထဲမှာ မစွမ်းတော့ကြောင်း သူကပြောပါတယ်။

"ကျွန်တော်က အခြေကျချင်တာ၊ မိသားစုတစ်ခုကို စတင်ထူထောင်ချင်တာ။ ဒါပေမဲ့ ကောင်မလေးတွေနဲ့ အိပ်လို့ လိင်ဆက်ဆံပြီးရင် ကျွန်တော်က ဆွဲဆောင်မှုမရှိတော့ဘူး။" လို့ သူက ဝန်ခံပါတယ်။

သူ့ကို ကောင်မလေးတွေက မြူဆွယ်တဲ့ စာသားတွေနဲ့ ကိုယ်တုံးလုံးနီးပါးပုံတွေ နံနက်တိုင်းလိုလိုပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Daily Mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment