Powered by Blogger.

ပျောက်ဆုံးသွားတဲ့ ကြောင်လေးခြောက်ကောင်အတွက် ဒေါ်လာသုံးသောင်း သုံးစွဲပြီး ရှာဖွေမယ့်ပိုင်ရှင် ကြောင်ချစ်သူ



အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က ရိုဆင်လို့အမည်ရတဲ့ ကြောင်ချစ်သူတစ်ယောက်ကတော့ သူ့ရဲ့ ကြောင်လေးခြောက်ကောင်ဟာ ပဟေဠိဆန်ဆန်ပျောက်ဆုံးသွားတဲ့အတွက် အမေရိကန် ဒေါ်လာ သုံးသောင်းအထိ သုံးစွဲပြီး ရှာဖွေသွားမယ်လို့ သိရပါတယ်။ သူရှာဖွေသွားမယ့် ပုံစံကတော့ ဒီလိုပါ။ သူ့ရဲ့ ကြောင်လေးတွေကို ပြန်ရှာတွေ့လာသူကို ဒေါ်လာသုံးသောင်း ချီးမြှင့်မယ့် ဆုကြေးစားပုံစံဖြစ်ပါတယ်။

ဒီကြောင်လေးတွေရဲ့ ပျောက်ဆုံးမှုအတွက်လည်း စုံထောက်တစ်ယောက်ကို ရိုဆင်က ငှားရမ်းထားပြီးလည်း ဖြစ်ပါတယ်။ ရိုဆင်ဟာဆိုရင်တော့ သွားဆရာဝန်အဖြစ်ကနေ အနားယူခဲ့ပြီးဖြစ်ပြီး လောလောဆယ်မှာတော့ Skin Care လုပ်ငန်းတစ်ခုရဲ့ ပိုင်ရှင်အဖြစ်တာဝန်ယူနေသူလည်း ဖြစ်ပါတယ်။

ရိုဆင်ဟာ ကြောင်လေးတွေရဲ့ လည်ပတ်မှာ မိုက်ခရိုချစ်ပ်လေးတွေကို တပ်ဆင်ထားပေးပြီးဖြစ်ပြီး ခြေရာခံရတာလွယ်ကူစေအောင် မပျောက်ခင်တည်းက တပ်ဆင်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ ရိုဆင်ဟာဆိုရင်တော့ အားတဲ့အချိန်တွေမှာ ငှားရမ်းထားတဲ့ စုံထောက်နဲ့အတူ ရှိနေပြီး ကြောင်သူခိုးကို ဖော်ထုတ်နိုင်ဖို့ လုပ်ဆောင်နေတတ်ပါတယ်တဲ့။ ဒေါ်လာ တစ်သောင်းတန်ဖိုးရှိတဲ့ ကင်မရာတွေကိုလည်း ကျန်တဲ့ကြောင်လေးတွေရဲ့ လုံခြုံရေးအတွက် တပ်ဆင်သွားအုံးမှာဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ ကြောင်လေးတွေဟာဆိုရင်တော့ ၂၀၁၅ ခုနှစ် မတ်လလောက်ကစတင်ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ တစ်ကောင်ပြီးတစ်ကောင် ပျောက်ဆုံးနေခဲ့တာပါ။ “သူတို့က ကျွန့်တော့်ရဲ့ ကလေးတွေလိုပါပဲ။ စဉ်းစားကြည့်လေ။ ကလေးတစ်ယောက် ပျောက်သွားတယ်။ နောက်ပိုင်း နှစ်လမှာ နောက်တစ်ကောင်ထပ်ပျောက်တယ်။ ကျွန်တော်ပြောရဲတယ်။ ဒီလိုခိုးနေတဲ့သူဟာ လူမဟုတ်ဘူးဗျ။ လူအတော်များများက ဒီလိုပါပဲ။ သူတို့ကတော့ ကျွန်တော့်လိုမျိုး ကြောင်ချစ်သူတော့မဟုတ်လောက်ဘူး ထင်ပါတယ်” လို့ ရိုဆင်က ရင်ဖွင့်ခဲ့ပါတယ်။

အရင်တုန်းကတော့ ကြောင်လေးတွေကို ပြန်ရှာတွေ့သူကို ဒေါ်လာ နှစ်သောင်းပေးမယ်လို့ ကြေညာခဲ့ပြီး နောက်ပိုင်းမှာတော့ ရိုဆင်က သူ့ရဲ့ဆန္ဒအရ ဒေါ်လာသုံးသောင်းကို တိုးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : AFP

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment