Powered by Blogger.

သံပုရာသီးခိုးသယ်လာလို့ နယူးဇီလန်ကနေ ဟောင်ကောင်ပြန်ပို့ခံရတဲ့ အမျိုးသမီး


အမျိုးသမီးတစ်ဦးဟာ သံပုရာသီးတွေကို ဘောင်းဘီထဲမှာ ခိုးယူသယ်ဆောင်လာတာကြောင့်  နယူးဇီလန်လဆိပ်တစ်ခုမှ ဟောင်ကောင်ကို ပြန်ပို့ခံခဲ့ရပါတယ်။

Auckland Airport  လေဆိပ်ရှိ ဇီဝဗေဒလုံခြုံရေးဌာနရှိ အနံ့ခံခွေးတွေဟာ ဒီအမျိုးသမီး New Zealand ကို ဟောင်ကောင်ကနေ ရောက်ရှိလာချိန်မှာ အနံ့ခံသိရှိခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးရဲ့ ဘောင်းဘီထဲက သံပုရာသီး ၆ လုံးကို တွေ့ရှိခဲ့တာဖြစ်ပြီး သူဟာ ရည်ရွယ်ချက်နဲ့ ခိုးဝှက်သယ်ဆောင်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

 “ သူကတော့ သူ့အသည်းနဲ့ တခြားရောဂါတွေအတွက် ကောင်းတယ်ဆိုလို့ သံပုရာသီးတွေကို သယ်လာတယ်လို့ဆိုပါတယ်။ ဟုတ်ချင်လည်းဟုတ်မှာပါ။ ဒါပေမယ့် တရားမ၀င်သယ်ဆောင်လာတာကတော့ သေချာပါတယ် “ လို့ Craig Hughes က New Zealand Herald ကို ပြောပြသွားပါတယ်။

အမျိုးသမီးကိုတော့ New Zealand ပြည်ဝင်ခွင့်အပိတ်ခံရပြီး ဟောင်ကောင်ကို လေယာဉ်နဲ့ပြန်ပို့ခဲ့ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment