"ရိုလာကိုစတာ" စီးနေရင်း ရပ်တန့်သွားခဲ့တဲ့အတွက် စီးသူတွေကို ကယ်ဆယ်ခဲ့ရ
သည်းထိတ်ရင်ဖိုကြိုက်သူတွေဟာ လေဆင်နှာမောင်းလိုလှည့်ပတ်နေတဲ့ ရိုလာကိုစတာစီးရင်း မြေပြင်ရဲ့ပေ ၂၀အထက်ရောက်နေစဉ်မှာ ရပ်သွားခဲ့တဲ့အတွက် ကယ်ဆယ်ရေးတွေက လာရောက်ကူညီခဲ့ရပါတယ်။
အင်္ဂလန်နိုင်ငံ North Lanarkshire ရဲ့ Motherwell မှာရှိတဲ့ M&D Theme Parkကို ၂၆ရက်နေ့နေ့လည် ၂း၅၀လောက်မှာ မီးသတ်သမားတွေရောက်ရှိလာခဲ့ပြီး စီးနင်းနေစဉ်ပါဝင်သွားတဲ့ လူရှစ်ယောက်ကို ကယ်ဆယ်ခဲ့ရပါတယ်။
လေဆင်နှာမောင်းရိုလာကိုစတာက မြေပြင်ရဲ့အထက် ပေ၂၀မှာရပ်တန့်သွားစဉ်မှာ အဆိုပါရှစ်ယောက် ပါရှိနေခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေက လူငယ်ငါးယောက်၊အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ကို ဘေးကင်းစွာကယ်ဆယ်နိုင်ခဲ့ပါတယ်။
အက်စီးဒင့်မှာ ဒဏ်ရာရသူတစ်ဦးမှတော့ မရှိခဲ့ပါဘူး။
ပန်းခြံရဲ့ တာဝန်ရှိပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးကတော့ “ အဖြစ်အပျက်က ရိုလာကိုစတာ
တစ်ပတ်လည်နေတဲ့အချိန်မှာ ဖြစ်သွားတာဖြစ်ပြီး အလိုအလျောက် ကာကွယ်ရေးစနစ်တွေကို စတင်ထားတယ်ဆိုတာ ကျွန်မတို့သက်သေပြလို့ရပါတယ်”လို့ ဆိုပါတယ်။
“တစ်ဦးတစ်ယောက်မှ ဒဏ်ရာမရပါဘူး ပြီးတော့ကျန်းမာရေးနဲ့လုံခြုံရေးနည်းလမ်းတွေကို ဆောင်ရွက်ပြီးပါပြီ ပါဝင်ခဲ့တဲ့လူတစ်ယောက်ချင်းစီနဲ့ စကားလည်းပြောပြီးပါပြီ ”လို့ သူမကဆက်ပြောပါတယ်။
ယခုလောလောဆယ်မှာတော့ အဆိုပါ ရိုလာကိုစတာစီးနင်းမှုကို ပိတ်ထားပြီး လိုအပ်တဲ့ စစ်ဆေးမှာတွေ အပြည့်အ၀လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ အက်စီးဒင့်က Alton Tower မှာရှိတဲ့ The Smiler လို့အမည်ရတဲ့ ကစားနည်းကို ပြန်လည်ဖွင့်ပြီးနောက်မှာ ဖြစ်ခဲ့တာပါ။
The Smiler ကစားနည်းက ကြောက်စရာကောင်းတဲ့အထဲမှာ ပါဝင်ပြီးတော့ အဆိုပါကစားနည်းကြောင့် ပြီးခဲ့တဲ့နှစ်ကလူငယ်နှစ်ယောက် ခြေထောက်ပြတ်ခဲ့ရပါတယ်။
(Beauty Syh)
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment