Powered by Blogger.

နတ်သမီးပုံပြင်တွေမှာ သေနတ်တွေပါဝင်လာအောင် အမေရိကန် အမျိုးသားရိုင်ဖယ်အဖွဲ့ချုပ်က ပြန်ပြီး ဆန်းသစ်ရေးသားခဲ့


အမေရိကန် အမျိုးသားရိုင်ဖယ်အဖွဲ့ချုပ် (National Rifle Association) ကတော့ သူတို့ရဲ့  NRA ၀က်ဘ်ဆိုဒ်မှာ သေနတ်တွေအကြောင်း အထူးရေးသားဖော်ပြထားတဲ့ ကလေးဂန္တ၀င်နတ်သမီးပုံပြင်တွေကို ပြန်လည်ဆန်းသစ် ရေးသားဖော်ပြလိုက်ပါတယ်။

"Little Red Riding Hood (Has a Gun)" ၊ "Hansel and Gretel (Have Guns)" စတဲ့ပုံပြင်တွေကို ကလေးစာပေစာရေးဆရာလည်းဖြစ် ဘလော့ဂါတစ်ဦးလည်းဖြစ်တဲ့ Amelia Hamilton က ပြန်လည်ဆန်းသစ် ရေးသားခဲ့တာဖြစ်ပါတယ်။

 “ အကူအညီမဲ့နေတဲ့ Red Riding Hoods, Hansels နဲ့ Gretels တို့ကို သေနတ်ကို ဘယ်လိုကောင်းကောင်းကိုင်တွယ်ပြီး ဘေးအန္တရာယ်ကင်းအောင် ဘယ်လိုအသုံးပြုရတယ်ဆိုတာ သင်ပြပေးထားတဲ့ ဒီလိုနတ်သမီးပုံပြင်တွေအကြောင်း မသိချင်ကြဘူးလား “ လို့ အယ်ဒီတာ့အာဘော်မှာ ဖော်ပြထားပါတယ်။

ဒီပုံပြင် ၂ပုဒ်စလုံးမှာပါဝင်တဲ့ လူငယ်ဇာတ်လိုက်လေးတွေဟာ သေနတ်ကို ကိုင်တွယ်ပြီး ဘေးအန္တရာယ်ကင်းအောင် ဘယ်လိုအသုံးပြုရတယ်ဆိုတာကို ငယ်စဉ်ကတည်းက ကောင်းကောင်းသင်ပေးထားခြင်းခံခဲ့ကြပါတယ်။

 Little Red Riding Hood က သူ့အဖွားဆီသွားရာလမ်းတစ်လျှောက်မှာ ရိုင်ဖယ်သေနတ်တစ်လက်ကို ပခုံးပေါ်မှာထမ်းသွားတာဖြစ်သလို Gretel ဟာလည်း သေနတ်ပစ်ကျွမ်းကျင်သူ တစ်ဦးအဖြစ်ဖတ်ရှုရမှာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI




Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment