Powered by Blogger.

အရက်မူးနေတဲ့ ဆပ်ကပ်ဆရာက ကျားပေါက်ကလေးကို ဈေးဝယ်ထွက်ဖို့ ရှော့ပင်းမောလ်ကို ခေါ်လာခဲ့



အရက်မူးပြီး ကျားပေါက်လေးကို ဈေးဝယ်စင်တာကို ခေါ်လာခဲ့တဲ့ ရုရှားလူမျိုး ဆပ်ကပ်အဖွဲ့ဝင်တစ်ဦးကို အဖွဲ့က ထုတ်ပယ်ခဲ့ပြီး ရဲက ထိန်းသိမ်းထားပါသတဲ့။

မျက်မြင်တွေ့ရှိသူတွေကတော့ ကြာသာပတေးနေ့က ကျားပေါက်လေးနဲ့အတူ Ryazan Shopping Mall ထဲကို လမ်းလျှောက်ဝင်လာတဲ့သူ့ကို ဗီဒီယိုတွေအများကြီးနဲ့ မှတ်တမ်းတင်ထားခဲ့ကြပါတယ်။

ရဲတွေကတော့ ခုလိုမူးပြီး ကျားလေးကို ရှော့ပင်းမောလ်ထဲ ခေါ်လာခဲ့သူကို ဒေါ်လာ ၇၀ ဒဏ်ကြေးကောက်ခံခဲ့ပါသတဲ့။

ဆပ်ကပ်အဖွဲ့အဆိုအရ ဒီလူဟာ တိရစ္ဆာန်တွေကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ အလုပ်ခန့်ထားတဲ့သူဖြစ်ပြီး ဒီအဖြစ်အပျက်ကြောင့် အလုပ်ကနေ ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment