Powered by Blogger.

ပထ၀ီလေ့လာရေးခရီးဆင်းခဲ့တဲ့ အသက် ၁၆နှစ် ကျောင်းသားရဲ့အလောင်းကို ချောက်ကမ်းပါးခြေမှာတွေ့ခဲ့



ပထ၀ီလေ့လာရေးခရီးဆင်းနေစဉ်မှာ ပျောက်ဆုံးနေခဲ့တဲ့ အသက်၁၆နှစ်အရွယ် ကျောင်းသားရဲ့အလောင်းကို Welsh ဗျူးပွိုင့်ရဲ့ ကမ်းခြေ ချောက်ကမ်းပါးမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကျောင်းသားရဲ့အလောင်းကို မတ်လ၁၈ရက် နံနက်အစောပိုင်းမှာရှာတွေ့ခဲ့ပြီးအံ့အားသင့်ခဲ့ရတဲ့ သူငယ်ချင်းတွေဟာ ၀မ်းနည်းကြောင်းစာတွေပေးပို့ခဲ့ပါတယ်။

သေဆုံးသူဟာ Paddy Dear ဖြစ်ပြီး အသက် ၁၆နှစ်ပဲ ရှိသေးပါတယ်။

Paddyရဲ့အလောင်းကို  Dale Fort Study Centre ရဲ့ အနီးကချောက်ကမ်းပါးအောက်ခြေမှာတွေ့ရှိခဲ့ပါတယ်။

အဆိုပါ centreက နှစ်စဉ် ကျောင်းသားထောင်နဲ့ ချီပြီးလေ့လာရေးလာတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

Paddy Dear ဟာ Essexပြည်နယ် Harnchruchရဲ့ ထိပ်တန်းကက်သလစ်သိပ္ပံအကယ်ဒမီဖြစ်တဲ့ Campion Schoolကကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ဒါ့အပြင်ထူးချွန်တဲ့အားကစားသမားတစ်ယောက်လည်း
ဖြစ်ပါတယ်။

Paddyရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်Keith Williamsက မိဘတွေထံစာတစ်စောင်ရေးသားခဲ့ပါတယ်။အဆိုပါစာမှာ paddyသေဆုံးမှုအတွက် ၀မ်းနည်းကြောင်း၊ကျောင်းအတွက် ထိခိုက်မှုတစ်ခုဖြစ်ကြောင်းနဲ့ သေဆုံးမှုကို ရဲတွေက အတည်ပြုလိုက်ပြီဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

နံနက် ၁၁နာရီ ၃၀မှာ paddyအတွက် သတိရကြောင်း အထိမ်းအမှတ်ပြုလုပ်ခဲ့ပြီး မိသားစုတွေနဲ့သူငယ်ချင်းတွေကို ဆုတောင်းပေးခဲ့ပါတယ်။
ရဲတွေက ပြင်းထန်မှုရှာဖွေမှုတွေပြုလုပ်ပြီးနောက်မှာ paddyရဲ့အလောင်းကို တွေ့ရှိခဲ့တာပါ။

မိသားစုတွေကတော့ paddy ရဲ့အလောင်းဖြစ်တယ်ဆိုတာကို မယုံကြည်နိုင်ကြပါဘူး။

Paddy လေ့လာရေးခရီးဆင်းခဲ့တဲ့ Dale Fort Centreကို ၁၉၅၉မှာ Field Studies Council ကိုရောင်းချခဲ့ပြီး councilရဲ့ ၀က်ဘ်ဆိုက်မှာ ပထ၀ီကို လေ့လာဖို့အကောင်းဆုံးနေရာကို ဖော်ပြထားပါတယ်။

ရဲတွေကတော့ အခင်းဖြစ်ပွားတဲ့နေရာမှာ စုံစမ်းမေးမြန်းမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment