Powered by Blogger.

ဘရပ်ဆဲလ်က တိုက်ခိုက်မှုတစ်ခုမှာ ပဲရစ်အကြမ်းဖက်မှု တရားခံရဲ့ လက်ဗွေရာကိုတွေ့ရှိ



ပြီးခဲ့တဲ့အပတ်က ဘရပ်ဆဲလ်မှာ ရှိတဲ့အဆောက်အအုံတစ်ခုကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အကြမ်းဖက်မှုမှာ ပဲရစ်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ တရားခံ Sala Abdeslamရဲ့ လက်ဗွေရာကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Abdeslamက လွတ်မြောက်နေတယ်လို့ ရဲတွေက ယူဆပြီး တရားခံထဲက တစ်ဦးကသေဆုံးခဲ့ပါတယ်။အဆိုပါ တိုက်ခိုက်မုဟာ အင်္ဂါ နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အရာရှိသုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဘရူဆယ်ဒေသရဲ့ အဆောက်အအအုံတစ်ခုအတွင်းမှာတွေ့ရတဲ့ လက်ဗွေရာက တရားခံရဲ့လက်ဗွေရာဆိုတာ သက်သေပြနိုင်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ Eric Van Der Syptက BBCသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ပဲရစ်မှာ ဖြစ်ပွားခဲ့တဲ့ အသေခံတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Bataclan Concert Hallလည်း တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။အဆိုပါ ပဲရစ်တိုက်ခိုက်မှုမှာ လူ ၁၃၀လောက်သေဆုံးခဲ့ပါတယ်။

ပြောရေးဆိုခွင့်ရှိသူတွေက တရားခံ Abedaslamက ဘရူဆယ်မှာ အကြမ်းဖက်ခဲ့တဲ့ အဆောက်အအုံကို Nov 13 ပဲရစ်တိုက်ခိုက်မှုပြီးတဲ့နောက်မှာ ပုန်းစရာအဖြစ် အသုံးပြုခဲ့တယ်လို့ ယူဆနိုင်တယ်လို့ ဆိုပါတယ်။
လက်ဗွေရာ စစ်ဆေးမှုနဲ့ပတ်သက်ပြီး အခြားအသေးစိတ်အချက်အလက်တွေကတော့ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment