Powered by Blogger.

အာရှပစိဖိတ်မှာ အကြီးဆုံး နျူလုံခြုံရေးစင်တာကို တရုတ်မှာဖွင့်လှစ်



တရုတ်ဟာ အမေရိကန်ရဲ့ထောက်ပံ့မှုနဲ့ အာရှပစိဖိတ်မှာအကြီးဆုံး နျုလုံခြုံရေးစင်တာကို စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
အဆိုပါ စင်တာကို တရုတ် အဏုမြူစွမ်းအင် အာဏာပိုင်တွေနဲ့အမေရိကန်စွမ်းအင်ဌာနတို့ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့တယ်လို့ Xinhuaသတင်းဌာနက တင်ပြခဲ့ပါတယ်။

တောင်ကိုရီးယားသတင်းဌာန Yonhapကတော့ အဆိုပါ Centre of Excellence,COEလို့ အမည်ရတဲ့ တရုတ်ရဲ့ စင်တာအသစ်မှာ ရုရှားရဲ့ ရင်းနှီးမှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီးချုပ် Ma Kai၊စက်မှုနဲ့သတင်းအချက်အလက် ဌာနက Maio Wei၊ အမေရိကန် စွမ်းအင်ဌာန အတွင်းရေးလက်ထောက် Ernest Monizနဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက ထိပ်သီးတွေ တက်ရောက်ခဲ့ပါတယ်။

Centre of Excellenceက တရုတ်ရဲ့ပြည်တွင်း နျူလုံခြုံရေးလက်နက်တွေအတွက် တာဝန်ယူမှာဖြစ်ပြီး နျုလက်နက်တွေအပေါ်နိုင်ငံတွေကြားသဘောထားတွေကိုလည်း နေရာပေးမှာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ် သမ္မတ Xi Jinpingက နိုင်ငံတကာ နျူလုံခြုံရေးနည်းပညာတွေကို အထောက်အကူပြုပေးမယ့် အဆိုပါ centreကို ဆောက်ဖို့အတွက်  ၂၀၁၄က ကျင်းပခဲ့တဲ့ Third Nuclear Summitမှာ တောင်းဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဆောက်အအုံမှာ လိုအပ်တဲ့ ကိရိယာတွေတပ်ဆင်ထားပြီး အာရှမှာအကြီးဆုံးဖြစ်တယ်လို့သောကြာနေ့ကထုတ်ပြန်ခဲ့ပါတယ်။

သမ္မတ Xi Jinpingက ပြီးခဲ့တဲ့ မတ်လက ၀ါရှင်တန်ဒီစီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Fourth Nuclear Summitကိုတက်ရောက်ဖို့ မျှော်လင့်ခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment