Powered by Blogger.

အလုပ်သစ်ရှာဖို့ မိမိကိုယ်ကို အသက်ကြီးလွန်းနေပြီဟုထင်နေတဲ့မော်ဒယ်လ် မိမိကိုယ်ကို အဆုံးစီရင်


နောက်ထပ်အလုပ်သစ်ရဖို့ အသက်ကြီးလွန်းနေပြီလို့ထင်နေတဲ့မော်ဒယ်လ်တစ်ဦးက ကိုယ့်ကိုကိုယ်မီးရှို့ပြီး အဆုံးစီရင်ခဲ့ပါတယ်။

အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ်လ် Irina Livschuh(အီရီနာ လစ်ဟဟ်)ကို တောင်ကာဇတ်စတန်နိုင်ငံ Almaty(အယ်မတီ) မြို့က သူမရဲ့တိုက်ခန်းမှာ သေဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။

ရဲတွေက တူးခြစ်နေတဲ့သူမရဲ့အလောင်းဘေးမှာ ဂတ်စ်ဘူးတစ်ဘူးကို ရှာတွေ့ခဲ့ပါတယ်။

ကာဇတ်စတန်အလယ်ပိုင်း Jhezkagan(ဂျက်ဇ်ကာဂန်)မြို့က လာတဲ့မော်ဒယ်လ်ဟာ သူမဆယ်ကျော်သက်အရွယ်တည်းက မော်ဒယ်လ်အလုပ်ကို လုပ်ကိုင်ဖို့ အယ်မတီကို ပြောင်းရွေ့ခဲ့ပါတယ်။

သူမဟာ ဖက်ရှင်ကုမ္ပဏီတော်တော်များများနဲ့ အလုပ်တွဲလုပ်နေပြီး ဒေသတွင်းမှာတော့ အောင်မြင်မှုရရှိနေသူတစ်ယောက်လည်းဖြစ်ပါတယ်။
သူမရဲ့မိတ်ဆွေတစ်ဦးကတော့ “သူမကအတော်အတန်အောင်မြင်နေပါပြီ သူမဖက်ရှင်ရှိုးတွေမှာလည်း ပါဝင်နေရပါပြီ ဒါပေမယ့် ငွေရေးကြေးရေးပြသနာရှိနေပုံပဲ”လို့ဆိုပါတယ်။


ဒေသ သတင်းမီဒီယာတွေကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလက သူမရဲ့ စာချုပ်တွေကို ရပ်ဆိုင်းမယ့်အချိန်ရောက်လာခဲ့တဲ့အခါ ငွေရေးကြေးရေး ပြသနာရှိလာတယ်လို့ ဆိုပါတယ်။

သူမက သူငယ်ချင်းတွေကိုပါ အဆက်အသွယ်ဖြတ်ထားခဲ့တာပါ။

ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိ Saltanat Azirbekက သူမရဲ့ဆွေမျိုးတွေရဲ့ အဆိုအရ အီရီနာဟာ လပေါင်းများစွာအလုပ်လက်မဲ့ဖြစ်ခဲ့တဲ့အတွက် စိတ်ကျရောဂါ ခံစားနေရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင်အရင်က သူမဟာ ကိုယ့်ကိုကိုယ်သတ်သေဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။

မော်ဒယ်လ် အီရီနာရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သူငယ်ချင်းတွေ ပရိသတ်တွေရဲ့ ၀မ်းနည်းကြောင်းစာတွေ ပြည့်နှက်နေပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment