Powered by Blogger.

အူယောင်ငန်းဖျားဖြစ်တယ်ဆိုပြီး ဆေးခန်းပြမှ မျိုချထားတဲ့ သံလိုက် ၈ခုထွက်လာ

မြိုချထားသည့် သံလိုက်များကို အတန်းလိုက်တွေ့ရစဉ်

လူကြီးမိဘတွေအနေနဲ့တော့ ကလေးတွေဟာ ကစားစရာတွေနဲ့ပဲ ကစားနေတယ်ဆိုပြီး လွှတ်မထားကြပါနဲ့။ သူတို့လေးတွေက ဒီကစားစရာတွေကိုလည်း အမှတ်မထင်မြိုချတတ်ကြပါတယ်။ အခုဆိုရင်
အမေရိကန်နိုင်ငံ အိုကလာဟိုးမားက ၁၀နှစ်သားကလေးငယ်လေးဟာ X-ray မရိုက်ကြည့်ခင်ထိ အူယောင်ငန်းဖျားဖြစ်နေတယ်လို့ ထင်နေခဲ့ကြရာက X-ray ရိုက်ပြီးတဲ့အခါမှာတော့ ခုလိုမအီမသာဖြစ်နေတာဟာ သူ့အစာထဲမှာရှိနေတဲ့ သံလိုက်တုံး ၈ခုကြောင့်ဆိုတာ သိရှိခဲ့ရပါတယ်။

Peggy နဲ့ Shane Westphal တို့ဟာ ၁၀ နှစ်သားလေးဖြစ်သူ Brady ဖြစ်သူဟာ အူယောင်ငန်းဖျားရောဂါလက္ခဏာတွေ ဖြစ်နေတာကြောင့် ဆရာဝန်နဲ့သွားရောက်ပြသခဲ့ပါတယ်။

တကယ့်တော့ ဒီလိုပုံစံဖြစ်နေတာ ၄ရက်ကြာသွားတာကြောင့် X-ray ရိုက်ကြည့်ခဲ့ပြီး Brady ဟာ သံလိုက်တုံး ၈ ခုကိုမြိုချထားခဲ့တာဖြစ်ပါတယ်။ ဒီထက်သာနည်းနည်းနောက်ကျသွားရင် အသက်အန္တရာယ်ရှိနို်င်တယ်လို့ Oklahoma University Medical Center ရှိ ကလေးအထူးကုဌာနက ဆရာဝန်တွေက ပြောပြထားပါတယ်။

Dr. John Grunow က “ ဒီသံလိုက်တုံးတွေကို အချိန်ခြားခြားပြီး မြိုချခဲ့ရင် သံလိုက်တွေက အူထဲမှာ မရွေ့တော့ဘဲ လမ်းကြောင်းပိတ်ဆို့နေမှာ ဖြစ်ပါတယ် “ KFOR-TV ကို ဖြေကြားထားပါတယ်။

Grunow က သံလိုက်တွေဟာ တစ်ရှုးတွေနဲ့ သွေးထောက်ပံ့မှုတွေကို ပျက်စီးစေနိုင်ပါတယ်လို့လည်း ဆိုပါတယ်။

( Michelle )


#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment