Powered by Blogger.

ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ် အလက်ဘားမားတွင် ပျက်ကျ လူ ၄ဦးသေဆုံး



စနေနေ့ မနက်က ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စင်းဟာ အလက်ဘာမားရဲ့ ကော်ဖီဒေသမှာ ပျက်ကျခဲ့ပြီး အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုမှာ လူလေးဦးသေဆုံးခဲ့တယ်လို့ အရေးပေါ် တာဝန်ရှိသူတွေက ဆိုပါတယ်။

ကော်ဖီဒေသရဲ့ အရေးပေါ် စီမံအုပ်ချုပ်မှုဒေသရဲ့ လက်ထောက် ဒါရိုက်တာ ဂျိမ်းစ် ဘရောင်းကတော့ ရဟတ်ယာဉ်ဟာ စနေနေ့ ၁၂း၁၇ မှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး သုံးယောက်ပါတဲ့ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့က ယာဉ်မတော်တဆမှုမှာ ဒဏ်ရာရတဲ့လူနာကို သွားခေါ်ပြီးနောက်မှာ ပျောက်ခဲ့တာလို့  WSFA-TVကိုပြောကြားခဲ့ပါတယ်။

စစ်ဆေးသူတွေကတော့ လေယာဉ်ဘာကြောင့်ပျက်ကျခဲ့လဲဆိုတာ မပြောနိုင်သေးပါဘူး။အမျိုးသားသယ်ယူပို့ဆောင်ရေးလုံခြုံမှု ဘုတ်အဖွဲ့ကတော့ နေ့လည်မှာ အခင်းဖြစ်ပွားရာနေရာကို လုံခြုံရေးအဖွဲ့ကိုစေလွှတ်ခဲ့ပါတယ်။

 အခင်းဖြစ်ပွားရာနေရာဟာ  အလက်ဘာမားရဲ့အနောက် ၁၀မိုင်လောက်က တောထူထပ်တဲ့နေရာဖြစ်နေတယ်ဆိုတဲ့အချက်က ရှာဖွေသူတွေကို နှောင့်နှေးစေပါတယ်လို့ WTYV-TVကဆိုပါတယ်။ဒါ့အပြင်စနေနေ့က အဆိုပါဒေသမှာ မိုးကြိုးမုန်တိုင်းတွေလည်းဖြစ်ပွားခဲ့တယ်လို့ ယူဆကြပါတယ်။

ပျက်ကျသွားတဲ့ရဟတ်ယာဉ်ကို EMS ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hayes Ambulance and Flightက ထုတ်လုပ်ခဲ့တာဖြစ်ပြီး  Troy Regional Medical Centerအတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။


(Beauty Syh)

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com


Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment